ပရိတ္သတ္ေတြက ဝိုင္းၿပီးလုပ္ေပးခဲ့တဲ့ အဖိုးတန္ Surprise တစ္ခုေၾကာင့္ မ်က္ရည္ဝဲခဲ့ရတဲ့ The Voice ၿပိဳင္ပြဲဝင္ ခင္ရတနာစိုး

လက္​ရွိ တီဗီအစီအစဥ္​​ေတြထဲကမွ လူ​ေျပာအမ်ားဆုံး အဆိုၿပိဳင္​ပြဲအစီအစဥ္​ျဖစ္​တဲ့ The Voice Myanmar မွာ Blind Audition test​ေအာင္​ျမင္​ထားသူ ျမန္​မာသံအဆို​ေတာ္​​ေလး ခင္​ရတနာစိုးက​ေတာ့ ပရိသတ္​​ေတြရဲ႕ ​ေမြး​ေန႔စပ႐ိုက္​​ေလး​ေၾကာင့္ မ်က္​ရည္​ဝဲခဲ့ရတယ္​လို႔ ဆိုပါတယ္​။

စက္တင္ဘာလ (၁၁) ရက္ေန႔က က်​ေရာက္​ခဲ့တဲ့ သူ႔ရဲ႕​ေမြး​ေန႔ပြဲမွာ ခ်စ္​ရတဲ့ပရိသတ္​​ေတြဆီက ​ေမြး​ေန႔ဆု​ေတာင္း​ေတြအျပင္​ သူ႔ရဲ႕ဖန္​​ေတြစုကာ May Tha Zin Gold&Jewelry ေမသဇင္ ေ႐ႊဆိုင္ က​ေန လက္ေဆာင္မွာေပးခဲ့ၾကတာပဲျဖစ္ပါတယ္ ။

ေမြး​ေန႔ စပ႐ိုက္​​ေလး​ေၾကာင့္ အံ့ၾသ​ေပ်ာ္​႐ႊင္​​ေနရတဲ့ ခင္​ရတနာစိုးက​ေတာ့ သူမသိ​ေအာင္​မွာ​ေပးထားတဲ့ ​ေမြး​ေန႔လက္​​ေဆာင္​​ေလးအတြၤဥ “Supriseတဲ့ ငိုမွာေနာ္” ဆိုတဲ့ စာသားေလးနဲ႔အတူ ဖန္ေတြ မွာေပးတဲ့ Screen Shot ေလးကို သူမရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနတဆင့္ မွ်​ေဝထားတာကို ​ေတြ႕ရမွာပါ။

ျမန္​မာသံကိုပိုင္​န္ိုင္​စြာ သီဆိုႏိုင္​တဲ့အတြက္​The Voice Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွာလည္း ဒိုင္ေတြရဲ႕ခ်ီးက်ဴးစကားေတြေရာ ပရိသတ္ေတြရဲ႕တခဲနက္အားေပးမႈကိုပါရရွိထားတာပါ။

ၿပိဳင္​ပြဲအစကတည္းက ပရိသတ္​အမ်ားႀကီးရ​ေနၿပီျဖစ္​တဲ့သူမက​ေတာ့ “ငယ္ကြၽမ္းေဆြ” နဲ႔ “မိတ္ကပ္မႀကိဳက္ေသာ သီခ်င္းမ်ား” ကို ပီပီျပင္ျပင္ ဆိုကာ သူမရဲ႕အစြမ္းကိုခ်ျပထားတာပါ။

ေနာက္​ထပ္​ၿပိဳင္​ပြဲ​ေတြမွာလည္း ဒီထက္​ပို​ေကာင္းတဲ့ သီခ်င္း​ေတြနဲ႔ ပရိသတ္​​ေတြရဲ႕ အခ်စ္​ကိုသိမ္းပိုက္​ဦးမလားဆိုတာက​ေတာ့ အားလုံးရင္​ခုန္​စိတ္​လႈပ္​စြာ ​ေစာင့္​ေမွ်ာ္​​ေနၾကတာပါ။

Yin Khat Pan ( Writer – LLA )

Unicode

ပရိတ်သတ်တွေက ဝိုင်းပြီးလုပ်ပေးခဲ့တဲ့ အဖိုးတန် Surprise တစ်ခုကြောင့် မျက်ရည်ဝဲခဲ့ရတဲ့ The Voice ပြိုင်ပွဲဝင် ခင်ရတနာစိုး

လက်​ရှိ တီဗီအစီအစဉ်​​တွေထဲကမှ လူ​ပြောအများဆုံး အဆိုပြိုင်​ပွဲအစီအစဉ်​ဖြစ်​တဲ့ The Voice Myanmar မှာ Blind Audition test​အောင်​မြင်​ထားသူ မြန်​မာသံအဆို​တော်​​လေး ခင်​ရတနာစိုးက​တော့ ပရိသတ်​​တွေရဲ့ ​မွေး​နေ့စပရိုက်​​လေး​ကြောင့် မျက်​ရည်​ဝဲခဲ့ရတယ်​လို့ ဆိုပါတယ်​။

စက်တင်ဘာလ (၁၁) ရက်နေ့က ကျ​ရောက်​ခဲ့တဲ့ သူ့ရဲ့​မွေး​နေ့ပွဲမှာ ချစ်​ရတဲ့ပရိသတ်​​တွေဆီက ​မွေး​နေ့ဆု​တောင်း​တွေအပြင်​ သူ့ရဲ့ဖန်​​တွေစုကာ May Tha Zin Gold&Jewelry မေသဇင် ရွှေဆိုင် က​နေ လက်ဆောင်မှာပေးခဲ့ကြတာပဲဖြစ်ပါတယ် ။

မွေး​နေ့ စပရိုက်​​လေး​ကြောင့် အံ့သြ​ပျော်​ရွှင်​​နေရတဲ့ ခင်​ရတနာစိုးက​တော့ သူမသိ​အောင်​မှာ​ပေးထားတဲ့ ​မွေး​နေ့လက်​​ဆောင်​​လေးအတွင်္ဥ “Supriseတဲ့ ငိုမှာနော်” ဆိုတဲ့ စာသားလေးနဲ့အတူ ဖန်တွေ မှာပေးတဲ့ Screen Shot လေးကို သူမရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှ​ဝေထားတာကို ​တွေ့ရမှာပါ။

မြန်​မာသံကိုပိုင်​န်ိုင်​စွာ သီဆိုနိုင်​တဲ့အတွက်​The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာလည်း ဒိုင်တွေရဲ့ချီးကျူးစကားတွေရော ပရိသတ်တွေရဲ့တခဲနက်အားပေးမှုကိုပါရရှိထားတာပါ။

ပြိုင်​ပွဲအစကတည်းက ပရိသတ်​အများကြီးရ​နေပြီဖြစ်​တဲ့သူမက​တော့ “ငယ်ကျွမ်းဆွေ” နဲ့ “မိတ်ကပ်မကြိုက်သော သီချင်းများ” ကို ပီပီပြင်ပြင် ဆိုကာ သူမရဲ့အစွမ်းကိုချပြထားတာပါ။

နောက်​ထပ်​ပြိုင်​ပွဲ​တွေမှာလည်း ဒီထက်​ပို​ကောင်းတဲ့ သီချင်း​တွေနဲ့ ပရိသတ်​​တွေရဲ့ အချစ်​ကိုသိမ်းပိုက်​ဦးမလားဆိုတာက​တော့ အားလုံးရင်​ခုန်​စိတ်​လှုပ်​စွာ ​စောင့်​မျှော်​​နေကြတာပါ။

Yin Khat Pan ( Writer – LLA )

  • Leave a Comment