မျက်မမြင်ခွေးလေးအတွက် လမ်းပြကြယ်လေးလို အကောင်းဆုံးအဖော်အဖြစ် ရှိနေပေးခဲ့သည့် ဘဲကလေး

ဖိလစ်ပိုင်နိုင်ငံမှ ခွေးလေခွေးလွင့်တစ်ကောင်နှင့် ဘဲလေးတို့သည် လမ်းပေါ်မှာ အစာရှာထွက်ကြရင်း လှည့်လည်ကျက်စားရာကနေ တွေ့ဆုံခဲ့ရာကနေ ခင်မင်ရင်းနှီးခဲ့ကြပြီး ခွေးပေါက်လေးသည် ရပ်ကွက်ထဲရှိ ကလေးများဧ။်လက်ချက်ကြောင့် မျက်မမြင်ဖြစ်ခဲ့ရသည်။

ထိုအချိန်တွင် ဘဲလေးသည် မိတ်ဆွေဖြစ်သောမျက်မမြင်ခွေးလေးအား စွန့်ပစ်မသွားပဲ နေ့နေ့ညညအနားမှာ ရှိပေးကာ စားစရာရှိသည့်နေရာများသို့ လမ်းပြခေါ်သွားကာ အမိုးအကာရှိသည့်နေရာတွင်သာ အိပ်စက်နိုင်ရန် လမ်းပြပေးခဲ့သည်။

ဘဲလေးသည် မျက်မမြင်ဖြစ်နေသည့်ခွေးလေးမှ တစ်ကောင်တည်းရှင်သန်ဖို့ရာ ခက်ခဲနေတာကို သိရှိ၍ ခွေးလေးအနားကနေ တခြားဘယ်မှမသွားပဲရှိခဲ့ရာ ကံဆိုးစွာဖြင့် လူငယ်လေးတွေရဲ့ လက်ချက်ကြောင့်ပဲ ဘဲလေးမှာ အမှိုက်ပုံနားတွင် သေဆုံးသွားခဲ့သည်။

ထိုသို့ ခင်မင်ရင်းနှီးရသောအဖော်ဖြစ်သူဘဲလေးသေဆုံးသွားချိန်မှာတော့ ခွေးပေါက်လေးဟာ ယောင်ချာချာနဲ့ ဝမ်းနည်းနေခဲ့စဥ် ကံကောင်းစွာပဲ ကြင်နာတတ်သောသခင်တစ်ဦးနဲ့ ဆုံတွေ့ခဲ့ရာ မွေးစားရန် အိမ်သို့ခေါ်ပြန်သွားခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories