လူသားချင်းစာနာသနားမှုရှိစွာဖြင့် သူတစ်ပါးအားကူညီစောင့်ရှောင့်ခြင်းသည် အလွန်မွန်မြတ်သော စေတနာတစ်ပါးပင်ဖြစ်ပါတယ်။သို့သော်လည်း ကောင်းမွန်သောစိတ်ထားနှင့်ကူညီတတ်ခြင်းကို လူသား၏နှလုံးသားတွင်မရှိကြဘဲ အချို့၌သာရှိနေတာဖြစ်ပါတယ်။
ယခုတွင်တော့ အသက်၆၀အရွယ်ရှိနေပြီဖြစ်သော မစ္စတာDinh Minh Nhat၏စိတ်ထားမျိုးကတော့ လူတိုင်း၏လေးစားအတုယူဖွယ်ရာဖြစ်လာခဲ့ပါတယ်။ထိုအမျိုးသားဟာ တစ်ဦးတည်းဆိုလျှင်အပူအပင်မရှိဘဲ ရှင်သန်နေထိုင်နိုင်သော်လည်း မိဘမဲ့ကလေးတွေကို ကျွေးမွေးစောင့်ရှောင့်ထားပြီး ဘဝကိုခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရသူဖြစ်ပါတယ်။
ကလေး၁၅၀ ကျော်ကို မွေးစားထားသည့်အတွက် ကလေးတို့၏စားဝတ်နေရေးပြေလည်စေရန် အလုပ်မျိုးစုံကိုလုပ်ကိုင်ပြီး ကြိုးစားကာပြုစုပေးနေသူဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
မိဘမဲ့ကလေး ၁၅၀ ကျော်ကို မွေးစားထားခဲ့ပြီးနောက် ကလေးတွေကို ကျွေးမွေးပြုစုဖို့ ပင်ပင်ပန်းပန်းနှင့် အလုပ်ထွက်လုပ်နေရှာသည့် အသက်၆၀အရွယ်အမျိုးသား
Shoon (Cele Daily)