မိခင်ဖြစ်သူမှ မှေးခနဲအိပ်ပျော်လိုက်ရင်း သားငယ်လေးသည် အငြိမ်မနေပဲ ဆော့နေတာကြောင့် မျက်ခွံပေါ်တွင် စောင့်ကြည့်နေသည့် မျက်လုံးအတုပုံရေးဆွဲခဲ့သည့်အဖြစ်

ကလေးထိန်းရသောအလုပ်သည် အင်မတန်မှ ခက်ခဲပင်ပန်းလွန်းကာ အိမ်ထောင်ရှင်မများအဖို့ အိမ်မှုကိစ္စသာမက ကလေးငယ်ကို အနှီးလဲပေးရခြင်း၊နို့ချိုတိုက်ကျွေးရခြင်း၊အိပ်ပျော်အောင် ချော့တိတ်ရခြင်းဖြင့် မနားရလေအောင် အလုပ်များရှုပ်နေတတ်သည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် တစ်နေကုန်ပင်ပန်းထားသည့်အတွက် ညောင်းညာကိုက်ခဲကာ သားလေးအား နို့ဘူးတိုက်ချိန်တွင် မှေးခနဲ အိပ်ပျော်သွားစဥ် သားငယ်လေးမှ မိခင်အလစ်တွင် အငြိမ်မနေပဲ ဆော့ကစားနေခဲ့သည်။

မိခင်ဖြစ်သူသည် စိတ်ဖြောင့်လက်ဖြောင့်ပင်မအိပ်ရပဲရှိကာ သားငယ်လေးအား လှည့်ကွက်တစ်ခုဖြင့် အသုံးပြုခဲ့ရာ သူမရဲ့ မျက်ခွံပေါ်တွင် စောင့်ကြည့်ရေးမျက်လုံးတုတစ်စုံပုံ ရေးဆွဲထားခဲ့သည်။

ထိုအခါမှာတော့ မိခင်ဖြစ်သူသည် မျက်လုံးမှိတ်ပြီးအိပ်ပျော်နေသော်လည်း နောက်ထပ်စောင့်ကြည့်ရေး မျက်လုံးကြောင့် သားငယ်လေးမှာ မလှုပ်မယှက်ပဲ အငြိမ်လေးနေကာ နို့ဘူးလေးကိုသာ ဆက်သောက်နေခဲ့၍ မိခင်ဖြစ်သူရဲ့ သားငယ်လေးကို ထိန်းနည်းသစ်အဖြစ် မျှဝေခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories