အစားပုတ်တဲ့ကောင်မလေးတွေက ဘယ်လောက်ချစ်စရာကောင်းလဲဆိုရင် ညစျေးတန်းတွင် ပြောင်းဖူးဖုတ်ကို အားရပါးရစားသောက်နေသည့်ပုံတွေကြောင့် နိုင်ငံကျော်သည်အထိပင် နာမည်ကြီးသွားခဲ့သည့်ကောင်မလေး

လူတိုင်းတွင်ချစ်စဖွယ်ကောင်းသည့်အမူအရာလေးတွေကို ပိုင်ဆိုင်ထားကြပြီးသားဖြစ်ပါတယ်။ထို့အတူပင် မိန်းကလေးအများစုကတော့ အစားအသောက်တွေကို အားရပါးရစားသောက်နေသည့်အချိန်ဟာ ချစ်စရာအကောင်းဆုံးအချိန်ဖြစ်ပါတယ်။

ထို့ကြောင့် မိမိချစ်သူက ဘယ်လောက်ချစ်စရာကောင်းလဲဆိုတာသိချင်ရင် အစားတွေအများကြီးကျွေးပြီးကြည့်လိုက်ပါလို့ ကောင်လေးတွေကိုအကြံပေးလိုက်ပါတယ်။ယခုတွင်လည်း တရုတ်နိုင်ငံမှ ကောင်မငယ်လေးတစ်ဦးဟာ ညစျေးတန်းတွင် ပြောင်းဖူးဖုတ်ဝယ်စားခဲ့ပြီး ကလေးတစ်ယောက်လို စားသောက်နေခဲ့ပါတယ်။

ကောင်မလေးဟာ ပါးစပ်တစ်ခုလုံးပေကျံနေသည်အထိပင် စားသောက်နေခဲ့ပြီး ထိုကဲ့သို့စားသောက်နေသည့်ပုံစံကြောင့်ပင် လိုင်းပေါ်မှာတစ်နိုင်ငံလုံး၏ဂရုစိုက်မှုကိုရရှိပြီး နာမည်ကြီးသွားခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi

အစားပုတ္တဲ့ေကာင္မေလးေတြက ဘယ္ေလာက္ခ်စ္စရာေကာင္းလဲဆိုရင္ ညေစ်းတန္းတြင္ ေျပာင္းဖူးဖုတ္ကို အားရပါးရစားေသာက္ေနသည့္ပုံေတြေၾကာင့္ ႏိုင္ငံေက်ာ္သည္အထိပင္ နာမည္ႀကီးသြားခဲ့သည့္ေကာင္မေလး

လူတိုင္းတြင္ခ်စ္စဖြယ္ေကာင္းသည့္အမူအရာေလးေတြကို ပိုင္ဆိုင္ထားၾကၿပီးသားျဖစ္ပါတယ္။ထို႔အတူပင္ မိန္းကေလးအမ်ားစုကေတာ့ အစားအေသာက္ေတြကို အားရပါးရစားေသာက္ေနသည့္အခ်ိန္ဟာ ခ်စ္စရာအေကာင္းဆုံးအခ်ိန္ျဖစ္ပါတယ္။

ထို႔ေၾကာင့္ မိမိခ်စ္သူက ဘယ္ေလာက္ခ်စ္စရာေကာင္းလဲဆိုတာသိခ်င္ရင္ အစားေတြအမ်ားႀကီးေကြၽးၿပီးၾကည့္လိုက္ပါလို႔ ေကာင္ေလးေတြကိုအႀကံေပးလိုက္ပါတယ္။ယခုတြင္လည္း တ႐ုတ္ႏိုင္ငံမွ ေကာင္မငယ္ေလးတစ္ဦးဟာ ညေစ်းတန္းတြင္ ေျပာင္းဖူးဖုတ္ဝယ္စားခဲ့ၿပီး ကေလးတစ္ေယာက္လို စားေသာက္ေနခဲ့ပါတယ္။

ေကာင္မေလးဟာ ပါးစပ္တစ္ခုလုံးေပက်ံေနသည္အထိပင္ စားေသာက္ေနခဲ့ၿပီး ထိုကဲ့သို႔စားေသာက္ေနသည့္ပုံစံေၾကာင့္ပင္ လိုင္းေပၚမွာတစ္ႏိုင္ငံလုံး၏ဂ႐ုစိုက္မႈကိုရရွိၿပီး နာမည္ႀကီးသြားခဲ့ပါတယ္။

Shoon (Cele Daily)

  • Leave a Comment

Categories