သစ္ပင္နဲ႔လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီး အိမ္ေထာင္သက္တမ္း တစ္ႏွစ္ျပည့္ပြဲဆင္ႏႊဲ

သစ္ပင္တစ္ပင္နဲ႔ တရားဝင္လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ေယာက္ဟာ အခုအခါမွာေတာ့ အိမ္ေထာင္သက္တမ္း တစ္ႏွစ္ျပည့္ပြဲကို ဆင္ႏႊဲခဲ့ၿပီ ျဖစ္ပါတယ္။ အမ်ိဳးသမီးအမည္ကေတာ့ Kate Cunningham ျဖစ္ၿပီး၊ မ်ိဳး႐ိုးအမည္ကိုေတာ့ Elder လို႔ ေျပာင္းလိုက္ေၾကာင္း သိရပါတယ္။ အေၾကာင္းကေတာ့ သူမ လက္ထပ္လိုက္တဲ့ သစ္ပင္အမည္က Elder Tree ျဖစ္လို႔ပါ။

Kate ဟာ ခင္ပြန္းျဖစ္တဲ့ သစ္ပင္ကို ႏွစ္ႏွစ္ကာကာခ်စ္မိလို႔ လက္ထပ္ခဲ့တာျဖစ္ေၾကာင္း၊ သစ္ပင္ကလည္း သူမကို ျပန္ခ်စ္တယ္ဆိုတာ စိတ္အာ႐ုံခံစားခ်က္အရ သိရွိေၾကာင္း၊ ဒါေၾကာင့္ ဘယ္ေတာ့မွ သူတို႔ႏွစ္ဦး ကြာရွင္းမွာ မဟုတ္ၾကဘူးလို႔ ဆိုထားပါတယ္။ Kate ဟာ လူသားခ်စ္သူအမ်ိဳးသားနဲ႔ ကေလးႏွစ္ေယာက္ ရခဲ့သူျဖစ္ၿပီး၊ ၿပီးခဲ့တဲ့စေနေန႔က အၿပီးတိုင္လမ္းခြဲလိုက္ၾကပါသတဲ့။

ပထမေတာ့ ၿပီးခဲ့တဲ့တစ္ႏွစ္ေလာက္က လက္ထပ္ခဲ့တဲ့ သစ္ပင္နဲ႔ ထာဝရမေပါင္းရေတာ့ဘူးလို႔ ထင္ခဲ့ေပမယ့္၊ လူသားခ်စ္သူ ပတ္သက္မႈမရွိေတာ့ခ်ိန္မွာေတာ့ သူမရဲ႕ သစၥာတရားက တကယ္ခိုင္ၿမဲသြားၿပီလို႔ ဆိုပါတယ္။ Kate ဟာ အသက္(၃၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္ပါ။ သူမဟာ ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလက Sefton, Merseyside မွာတည္ရွိတဲ့-

Rimrose Valley Country Park ပန္းၿခံထဲက Elder Tree ပင္ႀကီးနဲ႔ လက္ထပ္ခဲ့တာပါ။ ဒီသစ္ပင္ႀကီးကို လက္ထပ္ခဲ့လို႔လည္း သူမက ေနာင္တမရပါဘူးတဲ့။ တစ္ပတ္ကို (၅)ရက္တိုင္တိုင္ သစ္ပင္ႀကီးဆီ သြားေရာက္လည္ပတ္ပါတယ္တဲ့။ သူမက ” သစ္ပင္ေတြဟာ အၿမဲတမ္း ေရွ႕တန္းကေနပါတယ္ … သူတို႔က ကြၽန္မတို႔ အသက္ရွင္ဖို႔ ေထာက္ပံ့ေပးတယ္ …. အခု ဒီသစ္ပင္ကို လက္ထပ္လိုက္တာ ဘဝမွာ အေကာင္းဆုံး ဆုံးျဖတ္ခ်က္ပဲ “လို႔ ေျပာပါတယ္။

တစ္ႏွစ္ျပည့္ မဂၤလာအထိမ္းအမွတ္ကိုေတာ့ သူငယ္ခ်င္းေတြနဲ႔အတူ သစ္ပင္ႀကီးရွိရာကို သြားေရာက္က်င္းပခဲ့ၿပီး၊ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ အဲဒီမွာ ေနထိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ သစ္ပင္ကို လက္ထပ္လိုက္ျခင္းက သူမအတြက္ အသက္ရွင္ဖို႔ ဒါမွမဟုတ္ ဘဝရပ္တည္ဖို႔ အေထာက္အပံ့တစ္ခု ရလိုက္တာနဲ႔ အတူတူပဲလို႔ Kate က ေျပာပါတယ္။

သဘာဝမတူတဲ့ အရာဝတၳဳေတြနဲ႔ လက္ထပ္တာဟာ အေနာက္ဥေရာပမွာေတာ့ ဆန္းက်ယ္တဲ့ ကိစၥေတာ့ မဟုတ္ေတာ့ပါဘူး။ ဘာလင္တံတိုင္းနဲ႔ လက္ထပ္တဲ့ အမ်ိဳးသမီးတစ္ဦးအေၾကာင္း၊ ေမာ္ေတာ္ကားနဲ႔ လက္ထပ္ခဲ့တဲ့ အမ်ိဳးသားတစ္ဦးအေၾကာင္း၊ ရထားဘူတာ႐ုံနဲ႔ လက္ထပ္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးအေၾကာင္း၊ အခုလိုပဲ သစ္ပင္၊ မီးခိုးေခါင္းတိုင္၊ သေဘၤာ စတဲ့အရာေတြနဲ႔ လက္ထပ္သူေတြအေၾကာင္းဟာ ၾကားေလ့ၾကားထရွိတဲ့ သတင္းမ်ိဳး ျဖစ္ပါတယ္။

credit – myanmarnote

Unicode

သစ်ပင်နဲ့လက်ထပ်ခဲ့တဲ့ အမျိုးသမီး၊ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်ပွဲဆင်နွှဲ

သစ်ပင်တစ်ပင်နဲ့ တရားဝင်လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ဟာ အခုအခါမှာတော့ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်ပွဲကို ဆင်နွှဲခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသမီးအမည်ကတော့ Kate Cunningham ဖြစ်ပြီး၊ မျိုးရိုးအမည်ကိုတော့ Elder လို့ ပြောင်းလိုက်ကြောင်း သိရပါတယ်။ အကြောင်းကတော့ သူမ လက်ထပ်လိုက်တဲ့ သစ်ပင်အမည်က Elder Tree ဖြစ်လို့ပါ။

Kate ဟာ ခင်ပွန်းဖြစ်တဲ့ သစ်ပင်ကို နှစ်နှစ်ကာကာချစ်မိလို့ လက်ထပ်ခဲ့တာဖြစ်ကြောင်း၊ သစ်ပင်ကလည်း သူမကို ပြန်ချစ်တယ်ဆိုတာ စိတ်အာရုံခံစားချက်အရ သိရှိကြောင်း၊ ဒါကြောင့် ဘယ်တော့မှ သူတို့နှစ်ဦး ကွာရှင်းမှာ မဟုတ်ကြဘူးလို့ ဆိုထားပါတယ်။ Kate ဟာ လူသားချစ်သူအမျိုးသားနဲ့ ကလေးနှစ်ယောက် ရခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့စနေနေ့က အပြီးတိုင်လမ်းခွဲလိုက်ကြပါသတဲ့။

ပထမတော့ ပြီးခဲ့တဲ့တစ်နှစ်လောက်က လက်ထပ်ခဲ့တဲ့ သစ်ပင်နဲ့ ထာဝရမပေါင်းရတော့ဘူးလို့ ထင်ခဲ့ပေမယ့်၊ လူသားချစ်သူ ပတ်သက်မှုမရှိတော့ချိန်မှာတော့ သူမရဲ့ သစ္စာတရားက တကယ်ခိုင်မြဲသွားပြီလို့ ဆိုပါတယ်။ Kate ဟာ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးတစ်ယောက်ပါ။ သူမဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက Sefton, Merseyside မှာတည်ရှိတဲ့-

Rimrose Valley Country Park ပန်းခြံထဲက Elder Tree ပင်ကြီးနဲ့ လက်ထပ်ခဲ့တာပါ။ ဒီသစ်ပင်ကြီးကို လက်ထပ်ခဲ့လို့လည်း သူမက နောင်တမရပါဘူးတဲ့။ တစ်ပတ်ကို (၅)ရက်တိုင်တိုင် သစ်ပင်ကြီးဆီ သွားရောက်လည်ပတ်ပါတယ်တဲ့။ သူမက ” သစ်ပင်တွေဟာ အမြဲတမ်း ရှေ့တန်းကနေပါတယ် … သူတို့က ကျွန်မတို့ အသက်ရှင်ဖို့ ထောက်ပံ့ပေးတယ် …. အခု ဒီသစ်ပင်ကို လက်ထပ်လိုက်တာ ဘဝမှာ အကောင်းဆုံး ဆုံးဖြတ်ချက်ပဲ “လို့ ပြောပါတယ်။

တစ်နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ်ကိုတော့ သူငယ်ချင်းတွေနဲ့အတူ သစ်ပင်ကြီးရှိရာကို သွားရောက်ကျင်းပခဲ့ပြီး၊ အချိန်တော်တော်ကြာအောင် အဲဒီမှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သစ်ပင်ကို လက်ထပ်လိုက်ခြင်းက သူမအတွက် အသက်ရှင်ဖို့ ဒါမှမဟုတ် ဘဝရပ်တည်ဖို့ အထောက်အပံ့တစ်ခု ရလိုက်တာနဲ့ အတူတူပဲလို့ Kate က ပြောပါတယ်။

သဘာဝမတူတဲ့ အရာဝတ္ထုတွေနဲ့ လက်ထပ်တာဟာ အနောက်ဥရောပမှာတော့ ဆန်းကျယ်တဲ့ ကိစ္စတော့ မဟုတ်တော့ပါဘူး။ ဘာလင်တံတိုင်းနဲ့ လက်ထပ်တဲ့ အမျိုးသမီးတစ်ဦးအကြောင်း၊ မော်တော်ကားနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသားတစ်ဦးအကြောင်း၊ ရထားဘူတာရုံနဲ့ လက်ထပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးအကြောင်း၊ အခုလိုပဲ သစ်ပင်၊ မီးခိုးခေါင်းတိုင်၊ သင်္ဘော စတဲ့အရာတွေနဲ့ လက်ထပ်သူတွေအကြောင်းဟာ ကြားလေ့ကြားထရှိတဲ့ သတင်းမျိုး ဖြစ်ပါတယ်။

credit – myanmarnote

  • Leave a Comment