ကိုယ်တိုင်ဖျော်စပ်ထားသည့် သရက်သီးဖျော်ရည်လေးတွေကို ရောင်းချနိုင်ဖို့အတွက် နေ့စဥ်ကီလိုမီတာ၂၀လောက်ကို ပင်ပန်းခက်ခဲစွာလမ်းလျှောက်နေရသည့် အသက်၈၀အရွယ်အဖိုးအို
အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ လူသားတို့ဟာ လောကကြီးတွင်နေထိုင်ရာ၌အခက်အခဲများစွာရှ်ိလာကြပါတယ်။သွားတာလာတာ နေတာထိုင်တာကအစ မလွယ်ကူလှပေ။ယခုတွင်လည်း ဖိလစ်ပိုင်နိုင်ငံ Bulacanတွင်နေထိုင်သည့် အဖိုးအိုဟာ အသက်၈၀အရွယ်ရောက်ရှိနေပြီဖြစ်ပြီး လမ်းလျှောက်နိုင်ဖို့အတွက် အတော်လေးအားယူနေခဲ့ရတာဖြစ်ပါတယ်။
သို့သော်လည်း လက်ကျန်ဘဝတွင် စားစရာတွေရရှိစေဖို့အတွက် ကိုယ်တိုင်ဖျော်စပ်ထားသည့် သရက်သီးဖျော်ရည်လေးတွေကို လိုက်လံရောင်းချနေခဲ့ပါတယ်။ဖျော်ရည်တွေကို ပုံထဲမှာထည့်ထားခဲ့ပြီး ကီလိုမီတာ၂၀လောက်ကို နေ့စဥ်သယ်ယူပြီး လမ်းလျှောက်သွားလာကာ ရောင်းချနေရတာဖြစ်ပါတယ်။
အဖိုးအိုဟာ အသက်မွေးဝမ်းကြောင်းပြုဖို့အတွက် ဖျော်ရည်တစ်ခွက်ကို phpငွေ၅၀ဖြင့် ရောင်းချပြီး ခက်ခဲစွာဘဝကို ဖြတ်သန်းနေရပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment
Categories