မိမိကမ္ဘာကြီးပေါ်က လူသားအများစုတို့ဟာ အသက်အရွယ်ကြီးလာသည့်နှင့် အရာရာကိုဆင်ခြင်ပြီးပျော်ရွင်မှုတွေကို ရှောင်ရှားလာတတ်ကြပါတယ်။အမှန်တကယ်တွင်တော့ အသက်ဆိုတာ ကိန်းဂဏာန်းတစ်ခုဟုသာ မြင်ပြီး ပျော်ရွင်မှုတွေကို ကိုယ်တိုင်ဖန်တီးနေသရွေ့ စိတ်ချမ်းသားစွာပျော်ရွင်နေရဦးမည်ဖြစ်ပေသည်။
ယခုတွင်လည်း တရုတ်နိုင်ငံ ရှန်ဟိုင်းတွင်နေထိုင်သော Zhang Wanဆိုသည့်အသက်၇၀အရွယ်အဖွားအိုဟာ ဂါဝန်အလန်းစားလေးတွေဝတ်ပြီး အပြင်သွားတိုင်း လူတကာငေးရလောက်အောင် ဖက်ရှင်ကျသူဖြစ်ပါတယ်။
အဖွားအို၏ဝတ်ဆင်ပုံကြောင့် ပတ်ဝန်းကျင်က ကဲ့ရဲ့နေသော်လည်း လုံးဝဂရုမစိုက်ဘဲ သူမ၏စိတ်ကူးရှိသညံအတိုင်း ဝတ်ဆင်ပြီး လှပအောင်နေထိုင်နေဆဲဖြစ်ပါတယ်။အဖွားအပြင်ထွက်လာပြီဆိုလျှင် လူတိုင်းကငေးကြည့်နေကြရလောင်အောင်ကို ဆွဲဆောင်ထားနိုင်တာလည်းဖြစ်ပါတယ်။
Shoon (Cele Daily)
Zawgyi
ဘယ်သူဘာပြောပြော ဂရုစိုက်ခြင်းမရှိဘဲ ဂါဝန်အတိုလေးတွေကို ဖက်ရှင်ကျအောင်ဝတ်ဆင်ပြီး အပြင်သွားတိုင်းဂေါ်နေတတ်သည့် အသက်၇၀အရွယ်အဖွားအို
Shoon (Cele Daily)