တစ္ညလုံးလမ္းေပ်ာက္ၿပီးေနာက္ဆုံးမွ မိခင္နဲ႔ျပန္ဆုံေတြ႕ႏိုင္ခဲ့တဲ့ ဆိတ္ကေလး (႐ုပ္သံ)

@RexChapman အမည္နဲ႔ social media ေပၚမွာ ေဝမွ်ထားတဲ့ video ေလးတစ္ခုဟာ အေတာ္ေလးကိုေရပန္းစားေနလ်က္ရွိပါတယ္ ။ အဆိုပါ အမ်ိဳးသားက တစ္ညလုံးလမ္းေပ်ာက္ေနခဲ့တဲ့ ဆိတ္ေပါက္စေလးကို ၾကည့္ရႈေစာင့္ေရွာက္ထားၿပီး ၊ ေနာက္ေန႔ ဆိတ္ကေလးကို မိသားစုဝင္ေတြနဲ႔ျပန္ေပါင္းစည္းေစႏိုင္ခဲ့တဲ့ ႐ုပ္သံေလးပါ ။ ‘ ကြၽန္ေတာ့္အစ္မကေအာ္ေနခဲ့လို႔ သူမအျခားကေလးေတြနဲ႔ကစားၿပီးေအာ္လိုက္တာလို႔ ထင္ခဲ့တာပါ

ဒါေပမဲ့လည္း ေအာ္သံအနားသို႔လိုက္ရွာၾကည့္ရင္းနဲ႔မွ က်င္းငယ္ေလးတစ္ခုမွာ ဆိတ္ကေလးပိတ္မိေနတာကိုေတြ႕ခဲ့ရတာပါ ၊ အဲတာနဲ႔ အနီးအနားပတ္ဝန္းက်င္က ဘယ္သူ႔ရဲ႕ဆိတ္ကေလးလည္းဆိုၿပီး ရွာၾကည့္ခဲ့ပါေသးတယ္ ၊ တစ္ညလုံးဆိတ္ကေလးကို ေစာင့္ေရွာက္ထားၿပီး ေနာက္တစ္ရက္မနက္ခင္းမွာမွ အျပင္သို႔လမ္းေလွ်ာက္ထြက္ရင္း

ဆိတ္အုပ္ႀကီးနဲ႔ေတြ႕ဆုံမိခဲ့လို႔ ဆိတ္ကေလးက သူ႔ရဲ႕မိသားစုဝင္ေတြနဲ႔ ျပန္ဆုံေတြ႕ခဲ့တဲ့အျဖစ္ေလးပါ ‘ ဆိုၿပီးေတာ့ ေရးသားထားခဲ့ပါတယ္ ။ လူေကာင္းေတြနဲ႔ေတြ႕ဆုံခဲ့တဲ့ ဆိတ္ကေလးရဲ႕အျဖစ္ကလည္း ကံေကာင္းလြန္းတယ္လို႔ ေျပာရမွာပါပဲ ။

Jasmine (Mckzone Daily)

Unicode

တစ်ညလုံးလမ်းပျောက်ပြီးနောက်ဆုံးမှ မိခင်နဲ့ပြန်ဆုံတွေ့နိုင်ခဲ့တဲ့ ဆိတ်ကလေး (ရုပ်သံ)

@RexChapman အမည်နဲ့ social media ပေါ်မှာ ဝေမျှထားတဲ့ video လေးတစ်ခုဟာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ အမျိုးသားက တစ်ညလုံးလမ်းပျောက်နေခဲ့တဲ့ ဆိတ်ပေါက်စလေးကို ကြည့်ရှုစောင့်ရှောက်ထားပြီး ၊ နောက်နေ့ ဆိတ်ကလေးကို မိသားစုဝင်တွေနဲ့ပြန်ပေါင်းစည်းစေနိုင်ခဲ့တဲ့ ရုပ်သံလေးပါ ။ ‘ ကျွန်တော့်အစ်မကအော်နေခဲ့လို့ သူမအခြားကလေးတွေနဲ့ကစားပြီးအော်လိုက်တာလို့ ထင်ခဲ့တာပါ

ဒါပေမဲ့လည်း အော်သံအနားသို့လိုက်ရှာကြည့်ရင်းနဲ့မှ ကျင်းငယ်လေးတစ်ခုမှာ ဆိတ်ကလေးပိတ်မိနေတာကိုတွေ့ခဲ့ရတာပါ ၊ အဲတာနဲ့ အနီးအနားပတ်ဝန်းကျင်က ဘယ်သူ့ရဲ့ဆိတ်ကလေးလည်းဆိုပြီး ရှာကြည့်ခဲ့ပါသေးတယ် ၊ တစ်ညလုံးဆိတ်ကလေးကို စောင့်ရှောက်ထားပြီး နောက်တစ်ရက်မနက်ခင်းမှာမှ အပြင်သို့လမ်းလျှောက်ထွက်ရင်း

ဆိတ်အုပ်ကြီးနဲ့တွေ့ဆုံမိခဲ့လို့ ဆိတ်ကလေးက သူ့ရဲ့မိသားစုဝင်တွေနဲ့ ပြန်ဆုံတွေ့ခဲ့တဲ့အဖြစ်လေးပါ ‘ ဆိုပြီးတော့ ရေးသားထားခဲ့ပါတယ် ။ လူကောင်းတွေနဲ့တွေ့ဆုံခဲ့တဲ့ ဆိတ်ကလေးရဲ့အဖြစ်ကလည်း ကံကောင်းလွန်းတယ်လို့ ပြောရမှာပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment