နှစ်ပေါင်းများစွာအချိန်ယူပြီးပုံဖော်ပြင်ဆင်ထားသည့် သက်တမ်းနှစ် ၁၅၀ ကျော်ရှိသည့် မန်ကျီးပင်နှစ်ပင်ကို ဒေါ်လာ၃သိန်းဖြင့်ရောင်းချနိုင်ရန် ကြိုးစားနေသည့်အမျိုးသားတစ်ဦး

တန်ဖိုးကြီးသောအရာများတွင် ရှေးဟောင်းပစ္စည်းများအပြင် သက်တမ်းရင့်သစ်ပင်ကြီးများလည်း ပါဝင်တာဖြစ်ပါတယ်။ဗီယက်နမ်နိုင်ငံ Sa Decမြို့တွင်နေထိုင်သော အသက်၅၂နှစ်အရွယ် Mr Nguyen Phuoc Locဆိုသည့်အမျိုးသားဟာ အပင်များဖြင့် စိမ်းလန်းလှပသော ဥယျာဥ်ကြီးကိုပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

အမျိုးသား၏ပြောစကားရ သူဟာ ၁၉၉၃ ခုနှစ်တွင် သက်တမ်းရင့် မန်ကျည်းပင်နှစ်ပင်ပါဝင်သည့် ခြံဝိုင်းကို ရရှိခဲ့တာဟုသိရပါတယ်။ထို့နောက် ခြံဝန်းတစ်ခုလုံးကို ဥယျာဥ်သဖွယ်ပုံဖော်ခဲ့ပြီး မန်ကျည်းပင်ကိုလည်း လှပနေအောင် ပုံဖော်ဖြတ်ညှပ်ခဲ့ခြင်းဖြစ်ပါတယ်။

ယခုအခါမှာတော့ အမျိုးသားဟာ ဒေါ်လာ၃သိန်းခန့် ရရှ်ိလျှင်ရောင်းချဖို့အတွက် စိတ်ကူးထားတယ်ဟု ပြောဆိုလာခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi




ယခုအခါမှာတော့ အမျိုးသားဟာ ဒေါ်လာ၃သိန်းခန့် ရရှိလျှင်ရောင်းချဖို့အတွက် စိတ်ကူးထားတယ်ဟု ပြောဆိုလာခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment

Categories