လက်ထပ်လက်စွပ်လေးပင် မဝတ်နိုင်သည့် မိခင်နှင့်ဖခင်ဖြစ်သူတို့အတွက် လက်စွပ်လေးကို ကိုယ်တိုင်ပြုလုပ်ပြီး ဝတ်ဆင်ပေးခဲ့သည့် သားလိမ္မာ
မိဘဖြစ်သူတို့ဟာ သူတို့၏သားသမီးလေးတွေအတွက် မည်မျှပင်အနစ်နာခံပေးဆပ်ခဲ့လဲဆိုတာကို မိဘတို့၏နေထိုင်ပုံကို ကြည့်ရင်သိနိုင်ပါတယ်။မိဘတို့ဟာသူတို့ကိုယ်ကျိုးအတွက် သုံးစွဲရမည့်ငွေကြေးတွေကို သားသမီးလေးတို့၏အနာဂတ်အတွက် အသုံးပြုဖို့သာ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။
ယခုတွင်လည်း Nguyen Dinh Datဆိုသည့်လူငယ်လေး၏မိဘတို့ဟာ လက်ထပ်လက်စွပ်လေးကိုပင် မဝတ်ဆင်နိုင်သော်လည်း သားဖြစ်သူတို့အတွက် လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးနေခဲ့ပါတယ်။
မိဘတို့မှာ လက်စွပ်မရှိတာကိုသိရှိသည့် သားလိမ္မာလေးဟာ ပန်းထိမ်ပညာကို တတ်ကျွမ်းခဲ့ပြီးနောက်တွင် မိဘနှစ်ပါးအတွက် လက်စွပ်လေးတွေက်ိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။သားဖြစ်သူ၏ဖန်တီးပေးခဲ့မှုဟာ တန်ကြေးမရှိတဲ့လက်စွပ်လေးဖြစ်ပေမယ့် မိဘတို့အတွက်တော့ တန်ဖိုးဖြတ်မရနိုင်တာသေချာပါတယ်။
Shoon (Cele Daily)
Zawgyi
Shoon (Cele Daily)
  • Leave a Comment
Categories