ကြောက်မက်ဖွယ်ရုပ်ရှင်ဇာတ်ကောင်တွေရဲ့ သင်လုံးဝမမျှော်လင့်ထားတဲ့ တကယ့်လက်တွေ့က ပုံရိပ်များ

မင်္ဂလာပါ။ကြောက်မက်ဖွယ်ရာ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရှုတဲ့အခါမှာ ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံ၊တီးလုံးစတာတွေကြောင့်လည်း ဖြစ်နိုင်သလို ဇာတ်ကားထဲရှိ သရုပ်ဆောင်တွေရဲ့ ကြောက်မက်ဖွယ်အပြင်အဆင်တွေနဲ့ သရုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ သရုပ်ဆောင်တွေဟာ ကြောက်မက်ဖွယ်အသွင်အပြင်ရအောင် မိတ်ကပ်အဝတ်အစားအပြင် အထူးပြုလုပ်ချက်တွေနဲ့ကြောက်မက်ဖွယ် အသွင်အပြင်ပြောင်းလဲသွားပါတယ်။

အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေကတော့ သင်လုံးဝ ်မမျှော်လင့်ထားလောက်တဲ့ ကြောက်မက်ဖွယ်ရုပ်ရှင်ကားဇာတ်ကောင်တွေရဲ့ တကယ့်လက်တွေ့က ပုံရိပ်များပဲဖြစ်ပါတယ်။ စိတ်ဝင်စားရင် ဆက်လက်ကြည့်ရှုလိုက်ကြပါအုံးနော်။

(၁)

ကလေးတွေအားလုံးကို ခြောက်လန့်နိုင်တဲ့ Pennywise ဇာတ်ကောင်ရဲ့ သရုပ်ဆောင် ဘီလ်စကားစကတ်ဒ်..

Pennywise ဇာတ်ကောင်နဲ့ ဘီလ်စကားစကတ်ဒ်တို့ကို တစ်ယောက်တည်းလို့ပြောရင်တောင် ယုံရခက်ခက်ပါပဲ။

(၂)

ဘယ်သူမှ သရုပ်မဆောင်နိုင်တဲ့ နတ်ဆိုးနေရာမှာ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ ဂျာဗီယားဘိုတဲ့

(၃)

ပြင်သစ်မော်ဒယ်နဲ့ သရုပ်ဆောင်ဖြစ်သူ ဒါဖင်းချန်နရာ ဟာ Splice, 2009 ဇာတ်ကားအတွက် သူမရဲ့ တစ်ခေါင်းလုံးကို အပြောင်ရိတ်ပစ်လိုက်ပြီး အပီပြင်ဆုံးသရုပ်ဆောင်ခဲ့တာပါ။

(၄)

ကျွမ်းဘားမယ်တစ်ဖြစ်လဲ မင်းသမီး ဘော်နီမော်ဂန်အတွက် Rings ရုပ်ရှင်ထဲက ဆာမာရာဇာတ်ကောင်ဟာ သိပ်မခက်ခဲခဲ့ပါဘူး။

(၅)

Silent Hill, 2006 ရုပ်ရှင်ဇာတ်ကားထဲက ပိရမစ်ခေါင်းအဖြစ် သရုပ်ဆောင်ခဲ့သူ ရိုဘတ်တိုကာပက်နေလာ

(၆)

Jeepers Creepers ထဲက ကြောက်မက်ဖွယ်အသွင်အပြင်နဲ့ လူကြီးဟာ လက်တွေ့မှာ ချိုသာတဲ့ အပြုံးပိုင်ရှင် ဂျိုနသန်ဘာရက် ပဲဖြစ်ပါတယ်။

(၇)

သင့်ကို အေးစက်စက်အကြည့်တွေနဲ့ ခြိမ်းခြောက်သွားနိုင်တဲ့ မီရှဲလ်ကရိမ်း ဇာတ်ကောင်ရဲ့ သရုပ်ဆောင်ဖြစ်သူ ဒယ်နီရယ်ဘီစုကျီ

(၈)

ခန့်ညားတဲ့ မူလသွင်ပြင်ပျောက်ပြီး ဂျယ်သာပေါ့ခ်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဖင်းရစ်ရော့်ခ်

(၉)

American Horror Story ထဲက လှည့်စားတတ်တဲ့ ဂျိုကာအဖြစ် ဂျွန်ကယ်ရိုလင့်ချ်

(၁၀)

မယ်ရီရှောဇာတ်ကောင်က ကြောက်ဖို့ကောင်းပေမယ့် လက်တွေ့က မင်းသမီးဂျူဒစ်ရောဘက်ကတော့ သိပ်ကိုလှပါတယ်။

(၁၁)

The Walking Dead ထဲ ဇွန်ဘီးက လက်တွေ့မှာ အဲ့ဒီလောက်ထိကို လှပါတယ်။

(၁၂)

Insidious: Chapter 3 ထဲက Bride in Black အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး တွန်ဖစ်ဇ်ပက်ထရစ်

(၁၃)

Suicide Squadက The Joker ရဲ့ သရုပ်ဆောင် ဂျာရက်လက်လ်ထို

(၁၄)

The Ring, 2002 ထဲက ဆာမာရာကကြောက်ဖို့ကောင်းပေမယ့် လက်တွေ့က မင်းသမီး ဒါဗေ့ချေစ့်ရဲ့ အလှကိုတော့ ငြင်းလို့မရပါဘူး။

(၁၅)

Ari Lehmanဟာ သူ့ရဲ့ အသက် ၁၅နှစ်အရွယ်မှာ Friday The 13th, 1980 ဇာတ်ကားထဲမှာ Jason Voorheesအဖြစ် သရုပ်ဆောင်ခဲ့တာပါ။

(၁၆)

ကြောက်မက်ဖွယ်ကောင်းပြီး အသည်းယားစရာအသွင်အပြင်နဲ့ Freddy Krueger အဖြစ် ရောဘတ်အင်းဂ်လော့

(၁၇)

The Conjuring ပရိသတ်တွေဆို သေချာပေါက်ရင်းနှီးလောက်မယ့် ဘော်နီအာရွန်း

(၁၈)

၁၉၉၀ခုနှစ်က IT မှာ သရုပ်ဆောင်ခဲ့တဲ့ တင်မ်ကယ်ရီ

(၁၉)

Saw, 2003 ရုပ်ရှင်ဇာတ်ကားထဲက John Kramer ဇာတ်ကောင်ဟာ တိုဘင် ဘဲလ်ရဲ့ အောင်မြင်တဲ့ အနုပညာလမ်းကြောင်းထဲက မှတ်တိုင်တစ်ခုလည်းဖြစ်ပါတယ်။

(၂၀)

ဝါဝစ်ခ်ဒေးဗစ်ဟာ ဟောလိဝုဒ်ရဲ့ အောင်မြင်တဲ့ လူပုသရုပ်ဆောင်ဖြစ်ပြီး Leprechaun အဖြစ် သရုပ်ဆောင်ခဲ့ပြီး ထိုရုပ်ရှင်ဟာလည်း အောင်မြင်ခဲ့ပါတယ်။

(၂၁)

Michael Myers အဖြစ် Halloween, 1978 မှာသရုပ်ဆောင်ခဲ့သူ နစ်ခ်ကာစတယ်

(၂၂)

ပက်ကြားအက်နေတဲ့ ခေါင်းပိုင်ရှင် Pinhead နေရာမှာ သရုပ်ဆောင်ခဲ့တာကတော့ ဒေါက်ဘရက်တလေ

(၂၃)

Leatherface ဇာတ်ကောင်သရုပ်ဆောင် အန်ဒယူးဗယ်နီယာစကီ

(၂၄)

Jack Torrance အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရဲ့ လက်ရှိပုံရိပ္

(၂၅)

ကြောက်စရာအသွင်အပြင်နဲ့ Pale Man ဇာတ်ရုပ်ကို သရုပ်ဆောင်ခဲ့တဲ့ ဒေါက်ဂျွန်း

(၂၆)

သရဲမ ကာယာကိုက ကြောက်ဖို့ကောင်းပေမယ့် မင်းသမီးတာကာကို ဖူဂျီကတော့ ကြောက်ဖို့လုံးဝမကောင်းဘူးနော်။

(၂၇)

တာရှီယိုသရဲလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ယိုယာအိုဇာကီလေးကိုကော မှတ်မိသေးရဲ့လား

(၂၈)

Alien, 1979 ထဲက ဂြိုလ်သား သရုပ်ဆောင်

ရုပ်ရှင်တွေထဲမှာတော့ စေ့စေ့မကြည့်ရဲလောက်အောင် ကြောက်ဖို့ကောင်းတဲ့ ကောင်းတဲ့ သရုပ်ဆောင်တွေရဲ့ လက်တွေ့က ပုံရိပ်တွေပဲဖြစ်ပါတယ်။

ဘယ်သရုပ်ဆောင်က ပရိသတ်တို့ကို အံ့အားသင့်စေခဲ့လဲဆိုတာကို ပြောပြပေးခဲ့ကြပါအုံး။

Ref:Brightside

  • Leave a Comment

Categories