ဖခင်နှင့်ဆိုင်အတူတူထိုင်ကာ မုန့်စားရင်းဖုန်းကြည့်နေသည့် သမီးငယ်လေးကို အားကျတဲ့မျက်လုံးတွေနဲ့ငေးကြည့်နေရှာသည့် လမ်းဘေးမှာအမှိုက်ကောက်ရင်းရှင်သန်နေရသည့် ကောင်လေး၏ဘဝ

လောကကြီးထဲတွင် လူတန်းစားအမျိုးမျိုးတို့ဟာ ဘဝရှင်သန်မှုပုံစံ အမျိုးမျိုးတို့ဖြင့် အသက်ရှင်ရပ်တည်နေထိုင်နေကြတာဖြစ်ပါတယ်။ထိုအထဲမှ အချို့ကလေးသူငယ်များသည် လောကကြီးထဲသို့ ဒုက္ခခံဖို့ရောက်ရှိလာသကဲ့သို့ပင် အခက်အခဲများကိုသာ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ယခုတွင်လည်း အသက်၈နှစ်အရွယ်လောက်ရှိမည့်ကလေးငယ်လေးဟာ လမ်းဘေးက ပုလင်းခွံ၊ဗူးခွံတွေကိုလိုက်ကောက်ပြီး လမ်းမပေါ်တွင်အချိန်ကုန်ကာ အသက်ရှင်သန်ဖို့ကြိုးစားနေရသူဖြစ်ပါတယ်။

ထို့ကြောင့် အခြားကလေးသူငယ်တစ်ယောက်က မိဘတွေနဲ့ မုန့်ဆိုင်အတူတူထိုင်ပြီး ဖုန်းလေးဆော့ရင်း ပျော်ရွင်နေရသည့် သမီးငယ်လေး၏ဘဝကို မြင်တွေ့လိုက်ရချိန်မှာ အားကျတဲ့စိတ်တွေနဲ့ အငမ်းမရငေးကြည့်နေခဲ့ပါတော့တယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories