ငွေကြေးမတတ်နိုင်၍ ထရပ်ကားဟောင်းလေးတစ်စီးကို ဝယ်ယူခဲ့ရာမှ နေ့ချင်းညချင်း ချမ်းသားသွားသည့် အမျိုးသား

ဖိလစ်ပိုင်နိုင်ငံမှ အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးသည် မိသာစုစားဝတ်နေရေးအတွက် အဌားကားများ လိုက်မောင်းခြင်းဖြင့် ရှာဖွေကျွေးခဲ့သည်။

အမျိုးသားသည် ကားမောင်းရင်း ချွေတာစုထားသော ငွေလေးနှင့် ကိုယ်ပိုင်ကားလေးဝယ်ပြီး လုပ်ကိုင်မည်ဟု ဆုံးဖြတ်ခဲ့သော်လည်း အသစ်ဝယ်ဖို့ရာ မလုံလောက်၍ ထရပ်ကားဟောင်းလေးတစ်စီးကိုသာ ဝယ်ယူနိုင်ခဲ့သည်။

ထို့နောက် အမျိုးသားသည် ဝယ်ယူပြီးခါမှ ကားတံခါးတစ်ဖက်မှာ ဖွင့်ရပိတ်ရခက်နေသည့်အတွက် ဝယ်မိတာမှားပြီလား ဆိုပြီးတွေးနေမိကာ ပြန်လည်ပြုပြင်ရန် ကားပြင်ဆရာဆီသို့ သွားပြခဲ့သည်။

ထိုစဥ် ကားတံခါးကို ခွာကြည့်လိုက်ပြီးနောက် အထုပ်မည်းတစ်ခုကို တွေ့ခဲ့၍ အံ့အားသင့်စွာဖြင့် ဖယ်ရှားလိုက်စဥ် အထဲတွင် ပလာစတာတွေနှင့်ပက်ထားသည့် လေးထောင့်တုံးလေးတွေကို တွေ့ရှိခဲ့ရပြန်သည်။

အမျိုးသားလည်း ထိတ်လန့်မှုတွေနှင့်အတူ ဖွင့်ကြည့်လိုက်စဥ် မမျှော်လင့်ပဲ ငွေစက္ကူများဖြစ်နေသည် ပါးစပ်အဟောင်းသားနှင့် ဝမ်းသာစွာ တွေ့ခဲ့ရသည်။

Rain (For Ialinks)

Zawgyi







Rain (For Ialinks)

  • Leave a Comment

Categories