သာမန်လူတွေအတွက် စိတ်ကူးမယဥ်နိုင်ဘဲ ဘီလီယံနာသူဋ္ဌေးကြီးတွေသာ တည်းခိုနိုင်သည့် လိုဏ်ဂူကြီးကို ဟော်တယ်အဖြစ်တည်ဆောက်ထားသော ကြယ်ငါးပွင့်ဟော်တယ်ကြီး

ခရီးတစ်ခုထွက်ပြီဆိုပါက ညအိပ်နေထိုင်ဖို့အတွက် ဝေါ်တယ်တည်းခိုခန်းတွေဟာ မရှိမဖြစ်လိုအပ်သော အရာများပင်ဖြစ်ပါတယ်။ထို့အတူပင် လူတန်းစားအမျိုးမျိုးတို့ဟာ မိမိတတ်နိုင်သည့်ငွေကြေးပေါ်မူတည်ပြီး ခရီးသွားရာတွင်တည်းခိုနေထိုင်တတ်ကြပါတယ်။

ယခုတွင် ဗီယက်နမ်နိုင်ငံ Ninh Binhရှိ လိုဏ်ဂူတစ်ခုကို အကောင်းစားဟော်တယ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ထိုဟော်တယ်ဟာ ခမ်းနားကြီးကျယ်မှုမရှိသော်လည်း လိုဏ်ဂူထဲတွင် အိပ်စက်အနားယူနိုင်သည့် ခံစားချက်တစ်ခုတည်းကြောင့်ပင် တည်းခိုမည်ဆိုပါက တစ်ညကို ဒေါ်လာ၄၂၀၀အထိကို ပေးဆောင်ရတာဖြစ်ပါတယ်။

ထို့ကြောင့် သာမန်လူတန်းစားများအတွက် တည်းခိုဖို့စိတ်ကူးမယဥ်နိုင်ဘဲ သူဋ္ဌေးကြီးများအတွက်သာ လည်ပတ်ရင်းနားခိုနိုင်မှာဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories