အသက်၂၅နှစ်ပြည့်ပြီးသော်လည်း ရည်းစားမရှိသေးသည့်သူများကို သစ်ကြံပိုးခေါက်မှုန့်များနဲ့ ပက်ဖြန်းကာ လမ်းဘေးဓာတ်တိုင်တွေမှာ ချည်နှောင်ထားကြသည့်ဓလေ့

မွေးနေ့သည် လူတိုင်းအတွက် ပျော်ရွှင်စရာကောင်းသော နေ့လေးတစ်နေ့ဆိုပေမယ့် အချို့သောသူများအတွက်တော့ အမျိုးမျိုးသော တွေ့ကြုံမှုတွေနဲ့အတူ ဆိုးရွားတဲ့ နေ့လေးလည်းဖြစ်သွားနိုင်သည်။

သို့ဖြစ်၍ ဒိန်းမတ်နိုင်ငံတွင် အသက်၂၅နှစ်ပြည့်ပြီးသော်လည်း ရည်းစားမရှိ အိမ်ထောင်မရှိသေးသည့်လူပျို၊အပျိုလေးများအနေနဲ့ သူတို့ရဲ့၂၅နှစ်ပြည့်မွေးနေ့မှာ သစ်ကြံပိုးခေါက်မှုန့်များနဲ့ ပက်ဖြန်းတာကိုခံရမည်ဖြစ်ပေသည်။

Singleဖြစ်နေသူများကို သူငယ်ချင်းများက ဓာတ်တိုင်နဲ့ လမ်းလယ်တွေမှာ ကြိုးနဲ့ချည်နှောင်ထားကြပြီး ရေသို့မဟုတ် ကြက်ဥတွေနဲ့လည်း ပစ်ပေါက်ကြသည့်ဓလေ့သည် ပျော်စရာကောင်းသလို မမေ့နိုင်တဲ့အမှတ်တရတွေဖြစ်စေခဲ့သည်။

ထိုသို့သော သစ်ကြံပိုးခေါက်တွေနဲ့ ပက်ဖြန်းခြင်းခံရသူများကို မြင်တွေ့သူတိုင်းက Singleဆိုတာ ချက်ချင်းသိနိုင်ပြီး အခြားသောလူပျို၊အပျိုများက ရည်းစားအဖြစ် ချစ်ခွင့်တောင်းကြပြီး Singleဘဝကကျွတ်စေသည့်နည်းလမ်းမျိုးဖြစ်သည့်အတွက် ပျော်စရာကောင်းသောဓလေ့အဖြစ် သတ်မှတ်ထားကြသည်။

Rain (For Ialinks)

Zawgyi

အသက္၂၅ႏွစ္ျပည့္ၿပီးေသာ္လည္း ရည္းစားမရွိေသးသည့္သူမ်ားကို သစ္ႀကံပိုးေခါက္မႈန္႔မ်ားနဲ႔ ပက္ျဖန္းကာ လမ္းေဘးဓာတ္တိုင္ေတြမွာ ခ်ည္ေႏွာင္ထားၾကသည့္ဓေလ့

ေမြးေန႔သည္ လူတိုင္းအတြက္ ေပ်ာ္႐ႊင္စရာေကာင္းေသာ ေန႔ေလးတစ္ေန႔ဆိုေပမယ့္ အခ်ိဳ႕ေသာသူမ်ားအတြက္ေတာ့ အမ်ိဳးမ်ိဳးေသာ ေတြ႕ႀကဳံမႈေတြနဲ႔အတူ ဆိုး႐ြားတဲ့ ေန႔ေလးလည္းျဖစ္သြားႏိုင္သည္။

သို႔ျဖစ္၍ ဒိန္းမတ္ႏိုင္ငံတြင္ အသက္၂၅ႏွစ္ျပည့္ၿပီးေသာ္လည္း ရည္းစားမရွိ အိမ္ေထာင္မရွိေသးသည့္လူပ်ိဳ၊အပ်ိဳေလးမ်ားအေနနဲ႔ သူတို႔ရဲ႕၂၅ႏွစ္ျပည့္ေမြးေန႔မွာ သစ္ႀကံပိုးေခါက္မႈန္႔မ်ားနဲ႔ ပက္ျဖန္းတာကိုခံရမည္ျဖစ္ေပသည္။

Singleျဖစ္ေနသူမ်ားကို သူငယ္ခ်င္းမ်ားက ဓာတ္တိုင္နဲ႔ လမ္းလယ္ေတြမွာ ႀကိဳးနဲ႔ခ်ည္ေႏွာင္ထားၾကၿပီး ေရသို႔မဟုတ္ ၾကက္ဥေတြနဲ႔လည္း ပစ္ေပါက္ၾကသည့္ဓေလ့သည္ ေပ်ာ္စရာေကာင္းသလို မေမ့ႏိုင္တဲ့အမွတ္တရေတြျဖစ္ေစခဲ့သည္။

ထိုသို႔ေသာ သစ္ႀကံပိုးေခါက္ေတြနဲ႔ ပက္ျဖန္းျခင္းခံရသူမ်ားကို ျမင္ေတြ႕သူတိုင္းက Singleဆိုတာ ခ်က္ခ်င္းသိႏိုင္ၿပီး အျခားေသာလူပ်ိဳ၊အပ်ိဳမ်ားက ရည္းစားအျဖစ္ ခ်စ္ခြင့္ေတာင္းၾကၿပီး Singleဘဝကကြၽတ္ေစသည့္နည္းလမ္းမ်ိဳးျဖစ္သည့္အတြက္ ေပ်ာ္စရာေကာင္းေသာဓေလ့အျဖစ္ သတ္မွတ္ထားၾကသည္။

Rain (For Ialinks)

  • Leave a Comment

Categories