မင်္ဂလာပါ။နေ့စဉ်ပတ်ဝန်းကျင်မှာ မြင်တွေ့နေကျ အရာတွေဟာ အရွယ်အစားအစုံ ရှိကြပါတယ်။ တစ်ခါတစ်လေမှာတော့ အံ့အားသင့်ဖွယ်ကောင်းအောင် အရွယ်အစားကြီးတယ်လို့ ထင်ရတဲ့ အရာတွေက တစ်စုံတစ်ခုနဲ့ နှိုင်းယှဉ်လိုက်ရင် မပြောပလောက်အောင် အရွယ်အစားသေးတာတွေ ရှိတတ်ပါသေးတယ်။ ဒီအချက်ကို သက်သေပြဖို့အတွက် အရွယ်အစားတွေကို နှိုင်းယှဉ်ကြည့်ပြီး ရိုက်ကူးထားတဲ့ အံ့သြစရာဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)
လူတစ်ယောက်ရဲ့ အရိုးစုနဲ့ နှိုင်းယှဉ်ပြထားတဲ့
ဝေလငါးရေယက်တောင်
(၂)
ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်လိုက်ရင်
အဆပေါင်းများစွာ ကြီးမားနေတဲ့ ဂျန်ဗီနိုင်း ရေမြင်း
(၃)
အမွှေးပွပွဖောင်းဖောင်းလေးနဲ့ တစ်ကိုယ်လုံး လုံးတစ်နေတဲ့ ကြောင်လေးကို ချစ်ရမလား…
ဆွယ်တာလေးကို ချစ်စရာကောင်းအောင် ဝတ်ဆင်ထားတာကိုပဲ အူယားပြီး ချစ်ရမလား မသဲကွဲတော့ပါဘူး.
(၄)
ရေပေါ်ကို ရောက်လာခဲ့တဲ့ ဧရာမ မိချောင်းကြီး
(၅)
လူတစ်ယောက်ရဲ့ လက်သည်းထိပ်ပိုင်း…မီးခြစ်ဆံ ထိပ်ပိုင်းတို့နဲ့
ယှဉ်ရိုက်လိုက်တဲ့အခါမှာတော့ အတော်လေး သေးငယ်နေတာကို တွေ့ရမှာပါ။
(၆)
၁နှစ်အတွင်းမှာတင် အတော်လေး အရွယ်ရောက်ကြီးပျင်းလားတဲ့ ခွေးလေး
(၇)
ဒီဓာတ်ပုံကို ကြည့်ပြီး ပေါ်လာတဲ့ မေးခွန်းကတော့ ဒီလောက်ထွားကျိုင်းတဲ့ ခွေးအတွက်
ဆန့်တဲ့ ခွေးအိမ်ရော ရှိပါ့မလား
(၈)
ဘာတွေများစားထားလို့ ဒီလောက်အထိ ထွားကျိုင်း ဝဖြိုးနေတာလဲ ရှဉ့်လေးရေ
(၉)
ကိုယ့်ရဲ့ အိမ်မှာသာ ဒီလောက်ကြီးတဲ့ ခွေးမျိုးကြီး မွေးထားရင်
အိမ်မှာ လုံခြုံရေးစနစ်တွေ မလိုလောက်တော့ပါဘူး။
(၁၀)
ခွေးပေါက်လေးကနေ ခွေးအကြီးကြီးအဖြစ် ၁နှစ်အကြာမှာတင် ပြောင်းလဲသွားခဲ့ပါတယ်။
(၁၁)
လူတစ်ယောက်လက်နဲ့ နှိုင်းယှဉ်ပြထားလို့ ကြီးမားလွန်းတာ
သိသာနေတဲ့ အာဖရိက ကုန်းခရု
(၁၂)
အသုံးပြုထားတာကြာပြီဖြစ်တဲ့ သူ့ရဲ့ပုံစံနဲ့တင် အတော်လေး
ထူးဆန်းနေပြီဖြစ်တဲ့ ဧရာမ ဖိနပ်ကြီး
(၁၃)
ကြောင်ပေါက်စလေးနဲ့ အရွယ်အစားကြီးလွန်းတဲ့
ခွေးတို့ကို ယှဉ်ရိုက်ထားတဲ့ အခါမှာတော့
(၁၄)
အလက်စကားမှာရှိတဲ့ ကြီးမားလွန်းတဲ့ ရေခဲလှိုဏ်ဂူကြီး
(၁၅)
ကျွန်မအဖေ နဲ့ငယ်ငယ်တုန်းက အစားသွားကျွေးနေကျ ဧရာမ ကျွဲကြီးတစ်ကောင်ရှိခဲ့ပါတယ်။
အကောင်ကြီးလွန်းလို့ သူ့ကို ဖေဖေကြီးလို့တောင် နာမည်ပေးထားပါသေးတယ်။
(၁၆)
ကောင်မလေးတစ်ယောက်ရဲ့ လက်နဲ့ နှိုင်းယှဉ်ပြထားတဲ့
ဒိန်းမတ်ခွေးရဲ့ လက်တစ်ဖက်
(၁၇)
ကြီးမားလွန်းပါတယ်ဆိုတဲ့ မွေ့ရာနဲ့ကုတင်တွေတောင်
ဒါနဲ့ယှဉ်လိုက်ရင် ကလေးအိပ်ရာသာသာပဲရှိပါတော့တယ်။
(၁၈)
တာယာကြီးတွေကိုကြည့်ပါအုံး ဘယ်နေရာမှာများ သုံးမလို့ပါလိမ့်…
ကားတာယာသေးသေးလေးတွေက တာယာအကြီးကြီးတွေကို သယ်သွားရတာလည်း အထူးတဆန်းဖြစ်နေပါတယ်။
(၁၉)
တကယ်လို့ ဒီဓာတ်ပုံထဲမှာ လူတစ်ယောက်မပါလာခဲ့ရင် ပုံမှန်အရွယ်အစား ရှိတဲ့ မီးလင်းဖိုကို ရိုက်ထားတဲ့ ဓာတ်ပုံလို့ ထင်မိကြမှာပါ။
(၂၀)
ပုံမှန်ဆူးပင်သေးသေးလေးတွေတောင်မှ လူကို နာကျင်စေပြီး ခံရခက်စေတာကို
ဒီလောက်တောင်ကြီးတဲ့ ဆူးချွန်ကြီးတွေနဲ့သာ ထိုးမိရင် မလွယ်ပါဘူး။
(၂၁)
သင့်ရဲ့ အိမ်နံရံပေါ်မှာ ဒီအရွယ်အစားရှိတဲ့ အိမ်မြှောင်တစ်ကောင်
ရောက်နေတယ်လို့ စဉ်းစားကြည့်မိလိုက်ရင်…
(၂၂)
သြစတေးလျ တွားသွားသတ္တဝါ ဥယျာဉ်မှာ ထိန်းသိမ်းထားတဲ့
ဆားငန်ရေမိချောင်းကြီး
(၂၃)
သင့်အနေနဲ့ ဘယ်လိုအရွယ်အစားရှိနေပါစေ..
အတူတူမျှဝေခြင်းက ဂရုစိုက်ခြင်းပါပဲ။
(၂၄)
မြေကြီးထဲကနေ ရှာဖွေတွေ့ရှိသမျှ အရာတွေထဲ ဒီအရာလောက်
ကြီးတဲ့အရာတွေကော ရှိသေးပါ့မလား
(၂၅)
သူ့ကိုတော့ မာဖီလို့ခေါ်ပြီ အဲ့ဒီဓာတ်ပုံထဲမှာ သူက ၈ လသားအရွယ်ပဲရှိပါသေးတယ်။
ခုချိန်မှာတော့ သူက ၄ နှစ်ရှိနေပြီဖြစ်ပြီး ပေါင်ချိန် ၁၆၅ ပေါင်ရှိနေပါပြီ
(၂၆)
“ဟဲ့… ငါးနားသိပ်မကပ်နဲ့နော်..
တက်နင်းမိနေအုံးမယ်”
(၂၇)
ဧရာမ မိကျောင်းကြီး … ရေသွားကူးရဲလား
(၂၈)
မြွေဘယ်လောက်ထိ ကြီးသလဲဆိုရင် … လူဘယ်နှစ်ယောက်တောင် သယ်ထားရသလဲဆိုတာ ကြည့်ရင် သိနိုင်တယ်
(၂၉)
သာမန်ကလေးအရွယ်အစားနဲ့ နှိုင်းယှဉ်ပြထားတဲ့ ကမ္ဘာ့ အရွယ်အစားအကြီးဆုံး ကလေးငယ်က ပေါင်ချိန် ၂၃ ပေါင်တောင်ရှိပါတယ်
သဘာဝရဲ့ ဖန်တီးမှုတွေထဲကနေ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ အရာတွေရှိရင်လည်း ပြန်ပြောပေးခဲ့ကြပါအုံးနော်။
Ref:Brightside