အဝတ်အစားဆိုတာ ပိန်တဲ့သူဝတ်ရင်ပဲလှတာ ….
၀တဲ့သူဝတ်တွေ ဝတ်ရင်တော့ အဆင်မပြေဘူး ….
အဲဒီအမြင်ကြီးက တကယ်ပဲလား ဆိုတာ ………. ကြည့်လိုက်ကြရအောင်
ဒီလို စိန်ခေါ်မှုမျိုးဖြစ်တဲ့ style not size ဆိုတာ ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားနေပါတယ် ။ ပါဝင်ဆင်နွှဲသူတွေက တူညီတဲ့ အဝတ်အစားဒီဇိုင်းကို ဝတ်ဆင်ကြည့်ကြပါတယ်။ ထူးခြားနေတာကတော့ ပါဝင်တဲ့ သူတွေက ခန္ဓာကိုယ်အချိုးအစားလုံး၀မတူတဲ့ ကောင်မလေးတွေပါ ။
လူတွေက တင်ပါး အရွယ်အစားကြောင့် ရင်သားအရွယ်အစားသေးတာကြောင့် ခန္ဓာကိုယ်အလေးချိန်များတာတွေ ကြောင့် စိတ်မညစ်သင့် မရှက်သင့်ဘူးဆိုတာ …..သူတို့ရဲ့ ဓာတ်ပုံလေးတွေက ကျွန်မတို့ကို ပြောပြသွားပါတယ် ။
ဖက်ရှင်လောကကြီးမှာ တဖြည်းဖြည်း plus size လေးတွေအတွက် ဒီဇိုင်းတွေ ပိုပိုပြီး ထုတ်လုပ်လာကြပါပြီ ။ စတိုင်းဆိုင်က အဝတ်အစား အများစုက အထူးသဖြင့် ပိန်တဲ့သူတွေကို ပစ်မှတ်ထားပြီး ရောင်းချကြတာပါ ။ သို့ပေမယ့်လည်း အဲဒါက plus size လူတွေ ဒါကို ဝတ်လို့ မရနိုင်ဘူးလို့ မဆိုလိုပါဘူး ။
ဒီအကြောင်းအရာကို ခန္ဓာကိုယ်အရွယ်အစားမတူတဲ့ သူငယ်ချင်းနှစ်ယောက်က တူညီတဲ့ ဒီဇိုင်း အဝတ်အစားကိုဝတ်ပြီး သက်သေပြသွားပါတယ် ။ပရိတ်သတ်ကြီးတို့လဲ ပိန်ပိန်၀၀ ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိဖို့သာလိုတယ့်အကြောင်းကို ဒီဆောင်းပါးလေးဖတ်ရင်း motivation လေးရမယ်လို့ မျှော်လင့်ပါတယ် ။
1
2
3
4
5
6
7
8
9
10
11
12