ကုမ္ပဏီတစ်ခုတည်းမှာဘဲ နှစ်ပေါင်း၈၄နှစ်ကြာအောင် အလုပ်လုပ်ခဲ့ပြီး ကမ္ဘာ့သစ္စာအရှိဆုံးသော ဝန်ထမ်းအဖြစ် ဂင်းနစ်မှတ်တမ်းစံချိန်ကို ရရှိခဲ့သည့် အသက်၁၀၀အရွယ်အဖိုးအို

လူတစ်ယောက်ဟာ အသက်ရှင်သန်ရေးအတွက် အလုပ်တစ်ခုကိုတော့ မဖြစ်မနေလုပ်ရမှာဖြစ်ပါတယ်။ထိုသို့အလုပ်လုပ်ရာတွင် လူတိုင်းလိုလိုသည် အလုပ်တစ်ခုတည်းကို ဘဝတစ်လျှောက်လုံးကို လုပ်ကိုင်သွားရန်ဆန္ဒမရှိကြပေ။အနည်းဆုံးလေးငါးနှစ်လောက်ကြာလာသည်နှင့် အလုပ်ပေါ်တွင် ငြီးငွေ့ပြီးလုပ်ငန်းပြောင်းဖို့ စိတ်ကူးလာတတ်ကြပါတယ်။

သို့သော် ဘရာဇီးနိုင်ငံမှ Mr Walter Orthmannဆိုသည့် အဖိုးအိုဟာ အသက်တစ်ရာရှိပြီဖြစ်သော်လည်း အသက်၁၅နှစ်အရွယ်တည်းက အလုပ်စလုပ်ခဲ့သည့် ကုမ္ပဏီတစ်ခုတည်းမှာဘဲ အခုချိန်ထိ အလုပ်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

အဖိုးအိုဟာ အလုပ်စလုပ်ချိန်က အောက်ခြေဝန်ထမ်းဘဝဖြင့်စခဲ့ရာမှ ယခုချိန်တွင်တော့ အရောင်းမန်နေဂျာရာထူးကို ရရှိထားသည့်အပြင် ကမ္ဘာပေါ်တွင်သစ္စာအရှိဆုံးသော ဝန်ထမ်းအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းကို ရရှိထားသူဖြစ်ပါတယ်။

Shoon (Cele Daily)

Zawgyi

ကုမၸဏီတစ္ခုတည္းမွာဘဲ ႏွစ္ေပါင္း၈၄ႏွစ္ၾကာေအာင္ အလုပ္လုပ္ခဲ့ၿပီး ကမာၻ႔သစၥာအရွိဆုံးေသာ ဝန္ထမ္းအျဖစ္ ဂင္းနစ္မွတ္တမ္းစံခ်ိန္ကို ရရွိခဲ့သည့္ အသက္၁၀၀အ႐ြယ္အဖိုးအို

လူတစ္ေယာက္ဟာ အသက္ရွင္သန္ေရးအတြက္ အလုပ္တစ္ခုကိုေတာ့ မျဖစ္မေနလုပ္ရမွာျဖစ္ပါတယ္။ထိုသို႔အလုပ္လုပ္ရာတြင္ လူတိုင္းလိုလိုသည္ အလုပ္တစ္ခုတည္းကို ဘဝတစ္ေလွ်ာက္လုံးကို လုပ္ကိုင္သြားရန္ဆႏၵမရွိၾကေပ။အနည္းဆုံးေလးငါးႏွစ္ေလာက္ၾကာလာသည္ႏွင့္ အလုပ္ေပၚတြင္ ၿငီးေငြ႕ၿပီးလုပ္ငန္းေျပာင္းဖို႔ စိတ္ကူးလာတတ္ၾကပါတယ္။

သို႔ေသာ္ ဘရာဇီးႏိုင္ငံမွ Mr Walter Orthmannဆိုသည့္ အဖိုးအိုဟာ အသက္တစ္ရာရွိၿပီျဖစ္ေသာ္လည္း အသက္၁၅ႏွစ္အ႐ြယ္တည္းက အလုပ္စလုပ္ခဲ့သည့္ ကုမၸဏီတစ္ခုတည္းမွာဘဲ အခုခ်ိန္ထိ အလုပ္လုပ္ကိုင္ေနဆဲျဖစ္ပါတယ္။

အဖိုးအိုဟာ အလုပ္စလုပ္ခ်ိန္က ေအာက္ေျခဝန္ထမ္းဘဝျဖင့္စခဲ့ရာမွ ယခုခ်ိန္တြင္ေတာ့ အေရာင္းမန္ေနဂ်ာရာထူးကို ရရွိထားသည့္အျပင္ ကမာၻေပၚတြင္သစၥာအရွိဆုံးေသာ ဝန္ထမ္းအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းကို ရရွိထားသူျဖစ္ပါတယ္။

Shoon (Cele Daily)

  • Leave a Comment

Categories