မျက်ခုံးမွေးတက်တူးလေးထိုးလိုက်တဲ့အချိန်မှာ ကိုယ့်ကိုကိုယ်ပိုလှလာတယ်ဟု ခံစားနေရပြီး ဂုဏ်ယူမဆုံးဖြစ်ကာ ဝမ်းသာပျော်ရွင်နေသည့် အသက်၈၀အရွယ်အဖွားအို

ယနေ့ခေတ်တွင် လူတိုင်းသည် အလှအပရေးရာကို ဦးစားပေးလာကြပြီး ရုပ်ရည်ချောမောလှပဖို့အတွက် စိတ်ကြိုက်ပြင်ဆင်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။သာမန်အလှပြုပြင်ရေးတွေကို ကျေးလက်အလှပြင်ဆိုင်များ၌ပင် ပြုပြင်နိုင်သည်အထိပင် ခေတ်မီတိုးတက်လာပြီဖြစ်ပါတယ်။

ယခုတွင်လည်း သြစတေးလျနိုင်ငံမှ အသက်၈၀အရွယ်အဖွားအိုဟာ သာမန်တောသူတောင်သားတစ်ဦးဖြစ်သော်လည်း မျက်ခုံးမွေးတက်တူးထိုးပြီး လှပနေခဲ့ပါတယ်။အဖွားအိုဟာ ရွာ၏အလှပြင်ဆိုင်မှကောင်မလေးက အခမဲ့ထိုးပေးမယ်ဆိုသဖြင့် မျက်ခုံးမွေးကို တက်တူးထိုးခဲ့တာဖြစ်ပါတယ်။

အဖွားဟာ သူမ၏မျက်ခုံးမွေးတက်တူးဖြင့်မျက်နှာကို အလွန်သဘောကျပြီး လှပလာတဲ့မျက်နှာလေးကို ဂုဏ်ယူမဆုံးပျော်ရွင်နေခဲ့သည့်ပုံစံလေးဟာ အွန်လိုင်းအသုံးပြုသူတွေကို သဘောကျစေခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories