မင်္ဂလာပွဲကိုလာရောက်ပြီး သတိုးသားနဲ့ သတိုးသမီးကို လာရောက်နှုတ်ဆက်ခဲ့တဲ့ ပိုင်ရှင်မဲ့လမ်းဘေးခွေးလေး

သတိုးသမီးနဲ့ သတိုးသားဟာ မင်္ဂလာပွဲတွင် အာရုံစိုက်အခံရဆုံး သူတွေဖြစ်တာက အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့သောဧည့်သည်တွေက လူတွေရဲ့စိတ်အာရုံကို လုံးဝသိမ်းပိုက်သွားတာမျိုးလည်း ရှိနိုင်ပါတယ်။

ဘရာဇီးလ်စုံတွဲတစ်တွဲဖြစ်တဲ့ Tamaris Muzini နဲ့ Douglas Vieira Robert တို့ မင်္ဂလာဆောင်တဲ့နေ့တွင် ပိုင်ရှင်မဲ့လမ်းဘေးခွေးလေးတစ်ကောင်ကြောင့် အားလုံးအံ့သြသင့်ခဲ့ရပါတယ်။ နောက်ပိုင်းတွင် ကြင်စဦးဇနီးမောင်နှံက ဒီခွေးလေးကိုမွေးစားခဲ့ပြီး Braiá Caramelo de Jesus ဟုအမည်ပေးခဲ့ပါတယ်။

Tamaris Muzini နဲ့ Douglas Vieira Robert တို့မင်္ဂလာပွဲနေ့လေးတွင် ဒီပိုင်ရှင်မဲ့ခွေးလေးက ထူးဆန်းစွာပဲ ဧည့်သည်အဖြစ်ရောက်ရှိလာခဲ့ကာ မင်္ဂလာစုံတွဲကို လာရောက်နှုတ်ဆက်ခဲ့တာပါ။ အခမ်းအနားအတွက် သတိုးသားလောင်းတွေ တန်းစီကတည်းက ဒီခွေးလေးဟာ ဘုရားကျောင်းအဝင်ဝတွင် စောင့်နေခဲ့တာဖြစ်ကြောင်း အမျိုးသမီးတစ်ဦးက ပြောပြခဲ့ပါတယ်။

မင်္ဂလာစုံတွဲဟာ အရမ်းကိုချစ်စရာကောင်းတဲ့ ဒီမြင်ကွင်းကိုတွေ့မြင်ခဲ့ကြပြီး အခမ်းအနားပြီးတဲ့အထိ ခွေးလေးဟာ ဘုရားကျောင်းဝတွင် လဲလျောင်းနေခဲ့တာပါ။ ခွေးလေးက မင်္ဂလာစုံတွဲကို ခြေဖျားလေးထောက်ပြီး နှုတ်ဆက်ခဲ့တာဖြစ်ကာ သတိုးသမီးက ချက်ချင်းပဲ ဒီခွေးလေးကို မွေးစားချင်ခဲ့တာ ဖြစ်ပါတယ်။

မင်္ဂလာဆောင်ပြီး ရက်အနည်းငယ်အကြာမှာပဲ ဘရာဇီးလ်စုံတွဲက ခွေးလေးကို ချက်ချင်းမွေးစားခဲ့ပြီး အခုအချိန်မှာတော့ သူတို့ဟာ ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖြတ်သန်းနေကြပါတယ်။

Credit-Shwemom

Zawgyi







Credit-Shwemom

  • Leave a Comment

Categories