မိန်းမ မသိအောင် အခြားအမျိုးသမီးတစ်ဦးနှင့်ဖောက်ပြန်ပြီး လက်ရွှေးစင်အသင်းဘောလုံးကန်တာကို သွားအားပေးခဲ့ရာမှ ရုပ်သံကရိုက်ကူးပြသရာတွင် ပါသွားပြီး ကံဆိုးခဲ့ရသည့် အမျိုးသား

ယခုအမျိုးသား၏ဖောက်ပြန်သော လုပ်ရပ်ဟာ အလွန်ရွံရှာစိတ်ပျက်ဖွယ်ရာကောင်းပြီး လူမိသွားပုံကတော့ ဆွေမျိုးတွေကြားထဲမှာ ခေါင်းမဖော်ရဲတော့မှာသေချာပါတယ်။ဖြစ်စဉ်ကတော့ ဗီယက်နမ်နိုင်ငံမှ အမျိုးသားတစ်ဦးဟာ မိန်းမ မသိအောင် အခြားအမျိုးသမီးတစ်ဦးနှင့် အင်္ကျီလေးဆင်တူဝတ်ပြီး နိုင်ငံလက်ရွေးစင်ဘောလုံးပွဲကို သွားရောက်အားပေးခဲ့ပါတယ်။

ထိုအခါအမျိုးသားဟာ ကံဆိုးစွာနဲ့ဘဲ ကွင်းလုံးပြည့်နေတဲ့ပရိတ်သတ်တွေကြားထဲမှ သူတို့စုံတွဲကို နိုင်ငံရုပ်သံလိုင်းက ရိုက်ကူးပြီး စုံတွဲတွေလည်းလာအားပေးသည့်အတွက် ချီးကျူးပြောဆိုနေခဲ့ပါတယ်။

တီဗွီထဲပါသွားသော်လည်း အမျိုးသားကတော့ မပျော်နိုင်ဘဲ မိန်းမရော ဆွေမျိုးတွေကပါ အကုန်သိသွားလို့ အတော်လေးအရှက်ရသွားခဲ့ပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories