မွေးရာပါရောဂါကြောင့် အရိုးများက အမြဲတမ်း သူ့အလိုလိုကျိုးကြေနေသော်လည်း ဘဝကိုအရှုံးမပေးဘဲ ဆရာဝန်တစ်ယောက်ဖြစ်ချင်ပြီး ဝေဒနာခံစားနေရသူတွေကို ကုသပေးချင်နေတဲ့၁၂နှစ်အရွယ်ကလေးငယ်
အချို့ကလေးငယ်များ၏ မွေးရာပါအားနည်းချက်တွေဟာ အလွန်စာနာသနားဖွယ်ရာ ကောင်းလွန်လှပါတယ်။ယခုတွင်လည်း အိန္ဒိယနိုင်ငံ Uttar Pradeshပြည်နယ်မှ Rohitဆိုသည့်အသက်၁၂နှစ်အရွယ် သားငါ်လေးဟာ မွေးရာပါ အရိုးပွရောဂါကို ခံစားနေရသူဖြစ်ပါတယ်။
ကလေးငယ်၏ရောဂါဟာ ပြင်းထန်လွန်းတာကြောင့် အချိန်နှင့်အမျှ အရိုးတွေဟာ ကျိုးကြေနေတာဖြစ်သောကြောင့် ကလေးငယ်လေးက ဝေဒနာမည်မျှခံစားနေရမလဲဆိုတာ မြင်သာနေပါတယ်။ကလေးအတွက် အလွန်ခက်ခဲတဲ့ အခြေအနေကို ရင်ဆိုင်နေရသော်လည်း ဘဝကိုအရှုံးမပေးဘဲ အရွယ်ရောက်လာချိန်မှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်နေခဲ့ပြီး ရောဂါခံစားနေရတဲ့သူတွေကို ဆေးကုသပေးချင်တာဟု ရင်ဖွင့်ပြောပြနေသေးတာဟု သိရပါတယ်။
ကလေးငယ်၏ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ဖြစ်ချင်တာဖြစ်လာပါစေလို့ မျှော်လင့်နေမိပါတယ်။
Shoon (Cele Daily)
Shoon (Cele Daily)
  • Leave a Comment
Categories