ဗီယက်နမ်နိုင်ငံမှ အသက်၇၀နှစ်အရွယ် အဖွားအိုတစ်ဦးသည် အစိုးရကျောင်းတစ်ကျောင်းကနေ အငြိမ်းစားဆရာမတစ်ဦးဖြစ်ကာ သူမဘဝတစ်လျှောက်လုံးတွင် သားသမီးမြေးတွေနှင့်အတူ အချိန်ကုန်သွားမည့်အစား အခြားသော ဆင်းရဲနွမ်းပါးသည့် ကလေးငယ်တို့ကို ကောင်းမွန်သည့်ဘဝသို့ပို့ဆောင်ပေးလိုခဲ့သည်။
ထို့ကြောင့် ဆရာမကြီးသည် သူမရဲ့အသက်အရွယ်ကို ဂရုမစိုက်ပဲ ဒေသရှိ မိဘမဲ့နှင့် ဆင်းရဲနွမ်းပါးပြီး ကျောင်းမနေရသော ကလေးငယ်လေးတွေကို စာအခမဲ့သင်ကြားပေးရန်အတွက် သူမရဲ့အိမ်မှာ သင်တန်းလေးဖွင့်ခဲ့သည်။
ကလေးများအဖို့ စာသင်ကြားစရိတ်အတွက် ငွေကြေးပေးစရာမလိုသည့်အပြင် လိုအပ်သည့် စာရေးကိရိယာ ၊စာအုပ်၊ဘောပင်တို့ကိုပါ ဆရာမကြီးမှ ထောက်ပံ့ပေးခဲ့ရာ အင်မတန်မှ လေးစားစရာကောင်းလှသည်။
Rain (For Ialinks)
Zawgyi
မိဘမဲ့နှင့်ဆင်းရဲနွမ်းပါးပြီး ကျောင်းမတက်နိုင်သော ကလေးငယ်များကို စာတတ်မြောက်စေချင်၍ အိမ်မှာအခမဲ့သင်တန်းဖွင့်ခဲ့သော အသက်၇၀အရွယ် အငြိမ်းစားဆရာမကြီး
Rain (For Ialinks)