အမြင်ကို လှည့်စားနိုင်လွန်းလို့ ထပ်ခါထပ်ခါပြန်ကြည့်မှ အမှန်ကိုသိနိုင်မယ့် ဓာတ်ပုံ (၂၈) ပုံ

မင်္ဂလာပါ။ လူပြောများတဲ့ ယုံကြည်ချက်တစ်ခုအရ လူတွေက သူတို့ရဲ့ အမြင်အာရုံကို ယုံကြည်လို့မရပါဘူးတဲ့..ကိုယ်မြင်လိုက်တဲ့အရာကို မျက်လုံးက မဆုံးဖြတ်ဘဲ ဦးနှောက်က ဆုံးဖြတ်လိုက်တာဖြစ်တဲ့ အတွက် မြင်လိုက်တိုင်းလည်း အမှန်တရားတော့မဟုတ်ပါဘူး။ အခုဖော်ပြပေးမယ့် ဓာတ်ပုံတွေဆိုရင် ဘယ်နှခါကြည့်ကြည့် အမှန်ကို တောင်မမြင်နိုင်တဲ့အထိ မျက်လုံးအမြင်ကို လှည့်စားကာ ဦးနှောက်ကို အလုပ်လုပ်စေနိုင်မယ့် ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

(၁)

ခေါင်းမပါဘဲ ကိုယ်လုံးကြီးပဲ ထိုင်နေတယ်ထင်ပြီး ရုတ်တရက်လန့်သွားပေမယ့်

သေချာပြန်ကြည့်လိုက်တဲ့အခါမှာတော့ မှန်ချပ်ကြောင့် ခေါင်းနဲ့ ခန္ဓာကိုယ်တစ်ခြမ်းပျောက်နေတာပဲဖြစ်ပါတယ်။

(၂)

ခေါင်မိုးထပ်က မြေသားရယ် အောက်ထပ်က ကားပါကင်က မြေသားအရောင်တို့က တစ်ပြေးတည်းဖြစ်နေတော့

ခိုနှစ်ကောင်က ကားအရွယ်အစားထက်တောင် ကြီးတယ်လို့ အထင်လွဲစရာဖြစ်သွားတာပေါ့

(၃)

ခွေးတစ်ကောင် ခပ်တည်တည်နဲ့ တစ်ကောင်တည်း ရထားစီးနေတာမဟုတ်ရပါဘူးနော်..

အမျိုးသမီးရဲ့ ခေါင်းက ထိုင်ခုံနဲ့ကွယ်နေတော့ လှမ်းမြင်နေရတဲ့ ခွေးခေါင်းနဲ့ က ကွက်တိဖြစ်သွားတာပေါ့…

(၄)

သူမခြေထောက်က တောက်ပြောင်နေတာ မဟုတ်ရပါဘူးနော်။

သေချာကြည့်ကြည့်လိုက်ပါ။

(၅)

ခွေးနှစ်ကောင်က အရွယ်အစားကလည်း တူနေ၊အရောင်ချင်းကလည်း သိပ်မကွာ၊

တိုက်ဆိုင်ချင်တော့ ဓာတ်ပုံရိုက်လိုက်ချိန်မှာ တစ်ယောက်ရဲ့ခန္ဓာကိုယ် တစ်ယောက်နဲ့ကလည်း ကွယ်နေတော့ ခေါင်းနှစ်လုံးနဲ့ ခွေးလို့ ထင်မိမှာပေါ့

(၆)

ကြောက်စရာကောင်းလှတဲ့ လေပွေကြီး တစ်ခု တိုက်ခတ်နေတာမဟုတ်ဘူးနော်…

နှင်းတွေခဲ နေတာပဲဖြစ်ပါတယ်။

(၇)

ကင်မရာရိုက်ထားတာ Focus မငြိမ်တာ မဟုတ်ပါဘူး။

အသားကိုက ဒီလိုပုံစံ ဖြစ်နေတာပါ။

(၈)

မိန်းကလေးတွေ ဓာတ်ပုံရိုက်လို့ ပုံဆိုးပန်းဆိုးတွေ မထွက်လာချင်ရင် ဓာတ်ပုံရိုက်တဲ့အခါ လက်ထားဖို့ နေရာသေချာရွေးကြနော်..

တော်ကြာ သူလိုမျိုး ကလေးလက်နဲ့ လူကြီးခန္ဓာကိုယ် ဓာတ်ပုံမျိုး ထွက်လာအုံးမယ်။

(၉)

အဝေးကနေ ရုတ်တရက် လှမ်းကြည့်လိုက်တော့

ကျောက်ခေတ်က ဒိုင်နိုစော အသေးစားတွေ အများကြီးလို့ ထင်လိုက်မိတာ..

(၁၀)

လမ်းမပေါ်မှာ စွန်းထင်းနေတဲ့ အကွက်လေးတွေ တွေ့ရင် ဒီလိုမျိုး စမ်းရိုက်ကြည့်သင့်တယ်နော်။

ပုံထဲမှာ အမျိုးသားက အောက်က အစွန်းကွက်ကြောင့် လေပေါ်ပျံနေသလို ဖြစ်နေတာပါ။

(၁၁)

ပုံကို ရုတ်တရက် ကြည့်လိုက်ရင် ကြောင်လေးက တိုင်ကို အငမ်းမရ ဝါးမြိုနေတာနဲ့ တူနေပါတယ်။

ဒါပေမယ့် အချိန်ပေးပြီး သေချာကြည့်လိုက်ရင်တော့ တိုင်ရဲ့ နောက်မှာမှ ကြောင်လေးရှိပြီး ကြောင်လေးက ပါးစပ်တောင်မဟထားတာကို တွေ့ရပါလိမ့်မယ်။

(၁၂)

ဘတ်စကတ်ဘော အားကစားသမားတောင် ပင်ပင်ပန်းပန်းတွေ ဆော့ပြီး ဆံပင်တွေဖြူကုန်ပြီ။

ဟုတ်ပါဘူး…ကစားသမားက ခေါင်းကို ငုံထားတော့ ခန္ဓာကိုယ်က ပွဲကြည့်ပရိသတ်ထဲက အဖိုးခေါင်းနဲ့ ကွက်တိဖြစ်သွားတာပါ။

(၁၃)

ဝတ်ထားတဲ့ အင်္ကျီအရောင်တွေကတော ရောနေတော့ ဘယ်သူ့ခြေထောက်က ဘယ်သူ့ဟာမှန်းတောင် ခွဲမရတော့ပါဘူး။

ဒါပေမယ့် ခြေထောက်သွယ်သွယ်လေးကတော့ ကောင်မလေးခြေထောက်ဆိုတာတော့ အသေအချာသိနိုင်ပါတယ်။

(၁၄)

ဗလရှိတဲ့ ကြောင်ဆိုတော့ ဇလည်းရှိတယ်။

အကြည့်တွေက အသက်….

(၁၅)

လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းလားလို့ ရုတ်တရက် ထင်လိုက်တာ…

သေချာကြည့်မှ ခွေးရဲ့ အရောင် အနက်နဲ့ ဘောင်းဘီ အနက်နဲ့ ကွက်တိဖြစ်သွားတာကိုး..

(၁၆)

ကားလမ်းမကြီးက အလယ်မှာ တံတားတစ်ခုရှိနေပါသေးတယ်။

ရှုထောင့်ကောင်းကောင်းကနေ ရိုက်လိုက်တော့ ကားလမ်းမကြီးက ရင်ထိတ်စရာလမ်းမကြီး ဖြစ်သွားတာပေါ့

(၁၇)

ခွေးလေးက အရှိန်နဲ့ ပြေးချလာတော့

ဓာတ်ပုံရိုက်လိုက်ချိန်ကွက်တိမှာ လေပေါ်ပျံနေသလို ဖြစ်သွားခဲ့တာပါ။

(၁၈)

သတို့သားဝတ်စုံရဲ့ ဒီဇိုင်းဆန်းမှုကတော့ သတို့သမီးက သတို့သားပခုံးအပေါ်ကို ခွတက်နေသလိုပဲ…

အဲ့လိုပဲမြင်ကြတယ်မလား..

(၁၉)

ဒီဓာတ်ပုံဟာ ဓာတ်ပုံ ၃ ပုံ ကို

ဆက်ထားတာမဟုတ်ပါဘူးနော်။

(၂၀)

ခန္ဓာကိုယ်သေးသေးလေးနဲ့ကတော့ ကောင်လေးမဖြစ်နိုင်ပါဘူး။

ကောင်မလေးခေါင်းက ကွယ်နေတော့ ကောင်လေးတစ်ယောက်ထဲကိုပဲ မြင်နေရတာပါ။

(၂၁)

ဟင်းချက်နေတဲ့ ကြောင်လေးလို့ ထင်သွားတယ်မလား

သူ့ရဲ့မျက်နှာပေးလေးနဲ့ကကွက်တိပဲ။

(၂၂)

ဧရာမဌက်ကြီးကို ရိုက်ကူးမိတာလို့ ထင်နေတဲ့ ဒီဓာတ်ပုံကလည်း

အမြင်ကို လှည့်စားထားတဲ့ ဓာတ်ပုံသက်သက်ပါပဲ။

(၂၃)

တကယ်တော့ ကောင်မလေးမှာ ဒီလောက်ခြေထောက်တွေအများကြီးရှိမနေပါဘူး။

အမြင်အာရုံကို လှည့်စားနိုင်တဲ့ ရှုထောင့်ကနေ လှမ်းကြည့်လိုက်တော့ မဝေခွဲနိုင်ဖြစ်သွားတာပါ။

(၂၄)

ဒီတစ်ပုံကိုကော. ပရိသတ်တို့ ဘယ်လိုထင်ပါသလဲ။ ဖိုတိုရှော့မျာလားနော်။

(၂၅)

ဒီလို ချစ်စရာကောင်းတဲ့ ကြောင်လေးတွေကို တစ်ကောင်ထဲ မွေးရတာ မလုံလောက်ဘူးနော်။

နှစ်ကောင်တောင် ချစ်မဝပါဘူးနော်။

(၂၆)

ဒီကနေ့ရဲ့ မိုးလေဝသ ခန့်မှန်းချက် အစီအစဉ်ကို တင်ဆက်ပေးမှာကတော့ ကျွန်တော် ကြောင်လေးပဲဖြစ်ပါတယ်။

(၂၇)

ချည်ထုံး အကြီးကြီးတွေကို ထုံးနိုင်တာ တော်ရုံတန်ရုံ စိတ်ရှည်မှုနှင့်မရဘူးနော်…

(၂၈)

ဖော်ပြပေးခဲ့တဲ့ ပုံတွေထဲမှာ ဦးနှောက်အစားဆုံးဓာတ်ပုံက ဘာများဖြစ်မလဲ..ကိုယ့်အတွေးအမြင်တွေကိုလည်း မျှဝေပေးခဲ့ပါအုံးနော်။

Ref:Brightside

  • Leave a Comment

Categories