အမျိုးသမီးတိုင်း မျက်နှာပေါ်မှာ တက်တူးထိုးထားပြီး နှာခေါင်းတွင် အပေါက်ဖောက်ကာ အဝိုင်းချပ်လေးတွေ တပ်ဆင်ထားကြသည့် မျိုးနွယ်စု

အိန္ဒိယနိုင်ငံ Arunachal Pradeshကုန်းမြင့်ဒေသတွင် နေထိုင်သော Apataniအမည်ရှိ လူမျိုးနွယ်စုသည် ယဥ်ကျေးမှုတစ်ခုအနေနဲ့ အမျိုးသမီးတိုင်း နှာခေါင်းမှာ အပေါက်ထားကြရပြီး တက်တူးထိုးကြရသည်။

မျိုးနွယ်စုရှိ အမျိုးသမီးများသည် လှပလွန်းတာကြောင့် အခြားသောလူမျိုးများသည် မိန်းကလေးချောတွေမြင်တာနဲ့ လစ်ရင်လစ်သလို ဖမ်းခေါ်သွားတတ်ကြတာကြောင့် သူတို့ရဲ့ အန္တရာယ်ကို ကာကွယ်ရန် နည်းလမ်းကို တီထွင်ခဲ့ကြသည်။

ထို့ကြောင့် အရွယ်ရောက်ပြီးသား မိန်းကလေးတွေမှာ နဖူးကစ၍ နှာခေါင်းထိပ်ထိ တက်တူးထိုးရကာ မှေးစေ့နားမှာလည်း တက်တူးမျဥ်းကြောင်း ၅ကြောင်းထိုးထားရခြင်းဖြင့် ရုပ်ဖျတ်ထားကြသည့်အပြင် နှာခေါင်းမှာ အပေါက်ဖောက်ကာ ချပ်ပြားဝိုင်းတွေကို တပ်ဆင်ထားကြပြီး ဘိုးဘွားစဥ်ဆက် ဓလေ့ထုံးစံအဖြစ် ကျင့်သုံးကြရသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories