သားသမီးတွေကို အသိမပေးပဲ တစ်ယောက်တည်း ဗီယက်နမ်နိုင်ငံကနေ ထိုင်းနိုင်ငံသို့ အပျော်ခရီးပက်ထွက်ခဲ့သော ဖွားဖွား

ခရီးထွက်ရခြင်းကို လူတော်တော်များများက နှစ်သက်ကြသော်လည်း ဘဝပေးအခြေအေနအရ ငွေကြေးမတတ်နိုင်တာကြောင့် မသွားဖြစ်ကြပဲ အချို့ကျတော့ အသက်ကြီးလာချိန်မှသာ လက်တွေ့အကောင်အထည်ဖော်နိုင်ကြသည်။

ဗီယက်နမ်နိုင်ငံမှ အသက်၇၆နှစ်အရွယ် အဖွားအိုတစ်ဦးသည် ခရီးထွက်ရတာကို ဝါသနာပါသော်လည်း အိမ်ထောင်အကျစောပြီး သားသမီးတွေရလာချိန် အိမ်မှာပဲ ခင်ပွန်းနဲ့ သားသမီးတွေကို ချက်ပြုတ်ပေး ဂရုစိုက်ပေးရင်းနဲ့သာ အချိန်တွေကုန်ဆုံးခဲ့ရသည်။

အဖွားအိုသည် အသက်တွေကြီးလာချိန်ထိကို သူမခရီးထွက်ခြင်းဝါသနာကို မစွန့်လွှတ်နိုင်သေး၍ သားသမီးတွေလည်း အရွယ်ရောက်ကုန်ပြီး စိတ်ချရမည့်အချိန်တွင် အိမ်ကနေခိုးထွက်ပြီးတော့ တစ်ယောက်တည်း ထိုင်းနိုင်ငံသို့ လေယာဥ်လက်မှတ်ဖြတ်ကာ ခရီးထွက်ခဲ့သည်။

အဖွားအိုသည် ထိုင်းဘာသာစကားလည်းနားမလည်သည့်အပြင် အများသုံး အင်္ဂလိပ်စကားကိုလည်း ထမင်းစား ရေသောက်လောက်သာတတ်ပေမယ့် သတ္တိရှိရှိ လည်ပတ်လို့ကောင်းမည့်နေရာကို မြေပုံထဲမှာကြည့်ပြီးတော့ သွားရောက်ခဲ့သည်မှာ အံ့အားသင့်စရာကောင်းလှသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

Unicode

  • Leave a Comment

Categories