အရပ်ပုပုလေးဖြစ်နေတာကြောင့် အိမ်ထောင်ဖက်ရှာဖို့ခက်ခဲခဲ့သော်လည်း နောက်ဆုံးအချစ်စစ်နဲ့ တွေ့ရှိခဲ့သည့် လူပုလေး

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် Naugachhiaမြို့တွင် ကျင်းပပြုလုပ်သည့် မင်္ဂလာပွဲလေးသည် သတို့သားနှင့် သတို့သမီးတို့ရဲ့ ဖြစ်တည်မှု အသွင်အပြင်ကြောင့် တက်ရောက်သူများလွန်း၍ လမ်းတွေပါ ပိတ်ဆို့ကုန်ပြီး အတော်လေးလည်း နာမည်ကြီးလာခဲ့သည်။

သတို့သားဖြစ်သူသည် မွေးရာပါ အားနည်းချက်တွေကြောင့် အသက်၂၆နှစ်ရှိပြီဖြစ်သော်လည်း အရပ်အမောင်းက ၉၁စင်တီမီတာသာရှိ၍ မိဘနှစ်ပါးမှ အိမ်ထောင်ဖက်ရှာပေးရာတွင် မည်သူနဲ့မှ အဆင်မပြေ၍ အတော်လေးခက်ခဲခဲ့ရသည်။

ကံကောင်းစွာပဲ မိဘတွေသည် သူတို့ရဲ့သားလူပုလေးနဲ့ လိုက်ဖက်မည့် အရပ်အမောင်းချင်းတူညီသော အသက်၂၄နှစ်အရွယ် မိန်းကလေးတစ်ဦးကို တခြားရွာရှိ မင်္ဂလာပွဲတစ်ခုမှာ တွေ့ရှိခဲ့ပြီး သားဖြစ်သူနဲ့ ပေးစားရန် စီစဉ်ပေးခဲ့ကြသည်။

သူတို့နှစ်ဦးချင်းကလည်း မိဘတွေစီစဉ်တဲ့အတိုင်း လက်ခံခဲ့ကြရာ ခမ်းနားဆုံး မင်္ဂလာပွဲလေးအဖြစ် ကျင်းပပြုလုပ်ပေးခဲ့ရာမှ သူတို့ဇနီးမောင်နှံကို စိတ်ဝင်စားပြီး ပွဲတက်ရောက်သူမှာများပြားလွန်း၍ လမ်းတွေပါ ပိတ်ဆို့စေခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories