ကလေးတွေကို စာသင်ပေးဖို့အတွက်နဲ့ ရွှံံ့၊ဗွက်တွေပြည့်နေတဲ့ လမ်းကို ရုန်းကန်းပြီးဖြတ်ကျော်နေရတဲ့ လေးစားဖွယ်ရာ ကျောင်းဆရာများ

မကြာသေးမီက ဆောင်းပါးတစ်ပုဒ်မှာ ကျောင်းသွားရန် ရွှံ့ဗွက်လမ်းပေါ်မှာ ရုန်းကန်နေရတဲ့ ကျောင်းဆရာများရဲ့ ဓာတ်ပုံများကို အွန်လိုင်းမှာ မျှဝေတဲ့အခါ ဒီပုံတွေက လူတော်တော်များများကို ဝမ်းနည်းစေခဲ့ပါတယ် ။ ဒီမြင်ကွင်းကို ကြည့်လိုက်ရင် ကုန်းမြင့်က ကလေးတွေဆီ စာတွေသင်ဖို့ ဆရာတွေ ဘယ်လို ရုန်းကန်ခဲ့ရသလဲဆိုတာကို နားလည်စေပါတယ် ။ ကျောင်းဆရာတွေ မပြောနဲ့ ဒေသခံတွေတောင် ဒီလိုလမ်းတွေပေါ် လျှောက်ရမှာကို ကြောက်နေရတာပါ ။ တာယာများက ကော်ကဲ့သို့ ရွှံ့ထဲမှာ ကပ်နေတာကြောင့် မိန်းကလေးများက ခွန်အားများစွာ ဆုံးရှုံးခဲ့ရပါတယ် ။

ဒါပေမယ့် ဆရာတွေက ဘယ်တော့မှ စိတ်မပျက်ဘဲ ရွာက ကလေးတွေဆီကို စာတွေသင်ဖို့ တောင်တွေကို တိတ်တဆိတ် ဖြတ်ကျော်ပြီး သွားနေတဲ့ ဆရာမတွေလည်း နေ့စဉ်နဲ့အမျှ ရှိနေဆဲပါ ။ ဒီပုံတွေ အွန်လိုင်းမှာ တင်ပြီးနောက် netizen တွေက အဆိုပါဆရာတွေကို ကျေးဇူးအများကြီးတင်ကြပါတယ် ။

JRose (KB Chimmy One)

Reference : yan

Zawgyi



JRose (KB Chimmy One)

  • Leave a Comment

Categories