မင်္ဂလာပါ။ ကြောက်စိတ်ဆိုတာဟာ အသက်ရှင်သန်ဖို့အတွက် ဆက်စပ်နေတယ်လု့ိဆိုပါတယ်။ အန္တရာယ်ကြုံလာတဲ့ အခါမှာ အသက်ဆုံးရှုံးရမှာကို ကြောက်ရွံ့ပြီး ကြောက်စိတ်က ပေါ်လာတာပါ။ ကြောက်စိတ်ကို ဖျောက်ဖျက်ပစ်နိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်ကြောက်တဲ့ အရာကို ရဲရဲကြီး ရင်ဆိုင်လိုက်တာပါပဲ။ တကယ်လို့ သင်က ကြောက်တတ်တဲ့သူဆိုရင် အခုဖော်ပြပေးမယ့် နှလုံးတုန်ရင်ခုန်ဖြစ်စေနိုင်တဲ့ ဓာတ်ပုံတွေကို ကြည့်ပေးသင့်ပါတယ်။ ဒါမှလည်း ကြောက်စိတ်က ပြေလာမှာပဲဖြစ်ပါတယ်။ ကဲ ဒါဆိုရင် ဆက်ကြည့်လိုက်ရအောင်။
(၁)
ညအချိန်မှာမြင်လိုက်ရတဲ့ အရောင်ထွက်နေတဲ့ သိုးမျက်လုံးတွေ။
ဒီပုံကိုကြည့်လိုက်တာနဲ့ သိုးတွေဆိုတာ ညဖက်မှာ မကောင်းဆိုးဝါးတွေ ဝင်ပူးနေတတ်တယ်လို့တောင် ပြောစမှတ်တွင်သွားစေတဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။
ညနေဝင်ရီတရောအချိန်မှာ ရိုက်ထားလိုက်တဲ့ ဒီဓာတ်ပုံဟာ ကင်မရာအလင်းရောင်ကြောင့်ပဲ ဆိုဆို၊ ဘယ်လိုပဲ ဖြစ်ဖြစ် သိုးမျက်လုံးတွေက ခုလို အရောင်ထွက်နေတာ ကြောက်စရာ မကောင်းဘူးလားနော်။
(၂)
ရှော့ပင်းမောတွေမှာ တပ်ဆင်ထားတဲ့ စက်လှေကားတွေကို လျှော့တွက်လို့ မရဘူးနော်…
ဘယ်ကိုပဲ သွားသွား သတိလေးတော့ ထားကြပေါ့။
(၃)
သတိလက်လွတ်နဲ့သာ သွားကိုင်မိလို့ကတော့
အူတွေအသဲတွေယားပြီး တစ်ကိုယ်လုံး တုန်သွားလောက်မယ်။
(၄)
မနက်အာရုံတက် နေထွက်လာမယ့် အချိန်ကိုခေါင်မိုးပေါ်မှာစောင့်နေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။
ဒါပေမယ့် အလင်းကလည်း မရှိသေးတော့ သူ့ကို ကြည့်ပြီး လန့်လို့သေနိုင်တယ်။
(၅)
ဘယ်ကနေ ဘယ်လို ကားအောက်ထဲ ရောက်နေလဲ မသိပေမယ့် ..
မသိဘဲ ရုတ်တရက်သာ ကားနားသွားရပ်မိရင်တော့ မတွေးရဲစရာပဲ။
(၆)
ဧည့်သည်ရောက်နေတယ်ဆိုလို့ သွားကြည့်မိတာလေ..
အခုလိုမြင်ကွင်းတွေ့လိုက်ရတော့ တံခါး ဘယ်လိုဖွင့်ပေးရဲမလဲ..
(၇)
ဆေးရုံအဆောက်အဦပျက်ထဲကို ဓာတ်ပုံရိုက်ထားတာပါ..
ဘာကြောင့် စက်ဘီးကရော လမ်းလယ်မှာရှိနေရတာလဲ..
သေချာတာကတော့ ကြောက်ဖို့ကောင်းတယ်ဆိုတာပါ။
(၈)
အဘိုးအို တစ်ယောက်ရဲ့ မျက်နှာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ချွတ်စွပ်တူနေတဲ့ သစ်ပင်ကြီး..
တစ်ယောက်တည်း တောထဲ မျက်စိလည်နေတုန်းမှာ တွေ့မိရင် လိပ်ပြာလွင့်သွားနိုင်တယ်။
(၉)
ပင်လယ်ကမ်းခြေသိပ်ကြိုက်တဲ့ သူတွေအတွက် ကြောက်စရာဓာတ်ပုံတစ်ခုပါပဲ…
အခုလိုမျိုး ငါးမန်းတစ်ကောင်ရောက်လာရင်တော့
ရေးကစားမယ့် အစီအစဉ်တွေကို ခဏနောက်ဆုတ်လိုက်တာ ကောင်းပါတယ်။
(၁၀)
လမ်းလျှောက်ရင် အောက်ဘက်ကိုလည်း သတိထားလျှောက်သင့်တယ်ဆိုတာ ဒီဓာတ်ပုံက သက်သေပါပဲ။
(၁၁)
ညဘက် လူပြတ်ချိန်မှာ ဒီလိုမျိုးမြင်ကွင်းမျိုး တွေ့လိုက်ရရင် ဘယ်လိုခံစားရမယ်ဆိုတာတောင် ပြောပြတတ်မှာမဟုတ်တော့ဘူး။
ထိတ်လန့်သည်းဖို ရုပ်ရှင်ကားတွေကိုကြည့်လို့ ကြောက်တာထက်တောင် ပိုဆိုးသွားလိမ့်မယ်။
(၁၂)
မိုက်ရူးရဲဆန်ပြီး ရှေ့ကို ထပ်တိုးလို့ကတော့ ဘာဆက်ဖြစ်မလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်နော်..။
ဒါပေမယ့်လည်း ဒီနေရာက ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ သည်းထိတ်ရင်ဖို နေရာတစ်ခုဖြစ်ပါတယ်။
(၁၃)
ပိုက်ချောင်းထဲမှာပါလာတဲ့ ပင့်ကူကောင်..
ပိုက်ကိုလဲမယ့်အစား အအေးကိုပါ လွှင့်ပစ်လိုက်တာ ကောင်းပါတယ်လေ
(၁၄)
ကျီးကန်းတွေ ဒီလောက်အများကြီး ဘာလုပ်နေကြပါလိမ့်.
ဒီလိုအချိန်မျိုးမှာ အုပ်လိုက်ကြီးဆိုတော့ သေချာတယ်..
လာရာလမ်းကို ပြန်လှည့်လိုက်တာက စိတ်အချရဆုံးပါပဲ။
(၁၅)
ပုံကိုကြည့်လိုက်ရုံနဲ့တင်
မူးခနဲ မိုက်ခနဲ ခံစားချက်ကို ရလိုက်ကြတယ်မလား။
(၁၆)
ဆေးရုံတက်နေတဲ့ကလေးကို အားပေးဖို့ရောက်လာကြတဲ့အရုပ်လေးတွေ..
အပြင်မှာတော့ ကြောက်ဖို့မကောင်းလောက်ပေမယ့် ဓာတ်ပုံရိုက်လိုက်တဲ့အခါမှာတော့
ထူးဆန်းစွာနဲ့ ပဲ သဲထိပ်ရင်ဖို ခံစားချက်ကို ရနေပါတယ်။
(၁၇)
ဒီပုံကိုကြည့်ပြီး အသဲတွေယားသွားကြတယ်မလား…
လှေက ငြိမ်ငြိမ်သွားမှပဲ တိုင်ပေါ်က လူအတွက် စိတ်ချရမယ်။
(၁၈)
အိမ်ရဲ့ ချောင်တစ်နေရာမှာလည်း
ပုံထဲကလို အကောင်တွေအများကြီးရှိနေနိုင်တယ်နော်..
(၁၉)
ဟယ်လို မကြောက်တတ်ရင် အထဲထိ ဝင်လာခဲ့လေ..
(၂၀)
ဒီနေ့တော့ လိုက်ကာကို ဘယ်သူမှ ဖွင့်ရဲလောက်မှာမဟုတ်တော့ဘူး။
(၂၁)
ပုံကိုကြည့်ပြီး ကိုယ့်အိမ်က မျက်နှာကျက်နဲ့ ပန်ကာကို
ပုံမှန်သန့်ရှင်းရေး လုပ်သင့်တယ်ဆိုပြီး တွေးမိသွားကြမှာပါ။
(၂၂)
ဘယ်သူကများ လက်ဆော့ပြီး နှင်းလူသားကို လုပ်ထားပါလိမ့်။
ညအချိန် ရုတ်တရက်တွေ့လိုက်ရင် လန့်ဖြန့်သွားနိုင်ပါတယ်နော်။
(၂၃)
နောက်ခါ အိမ်ဆောက်ရင် ခြံစည်ရိုး မြင့်မြင့်ဆောက်ဖို့သာ စဉ်းစားကြတော့နော်.
မတော်လို့ ဒီကောင်ကြီးတွေက အနားမှာရှိနေရင် အိမ်ထဲကို ဝင်လာနေအုံးမယ်။
(၂၄)
ခြံရောင်းမှာကို ရိုးရိုးကြေညာလည်းရပါတယ်။
ဘာကြောင့်အရုပ်ဟောင်းနဲ့ ကြေညာတာတုန်း…ကြောက်စရာကြီး
(၂၅)
ပင့်ကူတွေ မရှိသေးတဲ့ နေရာကောရှိရဲ့လားဟင်
ပရိသတ်တို့ရေ..နှလုံးတုန်ရင်ခုန်ဖြစ်သွားစေမယ့် ဓာတ်ပုံတွေထဲကလို အခြေအနေမျိုး ကိုယ်လဲ ရင်ဆိုင်ရမယ်ဆို ဘယ်လိုခံစားကြရလောက်လဲ..
ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ပြောပြခဲ့ကြပါအုံး
Ref:Brightside
Credit-Shwenyanshin