တရုတ်နိုင်ငံ Guangdongပြည်နယ်တွင် နေထိုင်သော အသက်၂၆နှစ်အရွယ် ဖခင်တစ်ဦးသည် ဇနီးဖြစ်သူနဲ့ ကွာရှင်းအပြီးတွင် သူ့ဘဝတစ်လျှောက်လုံးသမီးလေးနဲ့သာ ကုန်ဆုံးဖို့ ဆုံးဖြတ်ခဲ့ပြီး သမီးလေးကိုလည်း အချစ်တွေပိုစေခဲ့သည်။
ဖခင်ဖြစ်သူသည် သမီးလေးကို စာအုပ်ဖတ်ရင်းနဲ့သာ ကမ္ဘာပတ်မည့်အစား အပြင်လက်တွေ့မှာ စူးစမ်းခံစားကြည့်စေလို၍ သမီးလေးရဲ့ ၄နှစ်မြောက်မွေးနေ့မှာပဲ စက်ဘီးတစ်စီးနဲ့အတူ ခရီးပတ်ထွက်ခဲ့သည်။
သမီးလေးသည် တောတောင်အလှ၊ စမ်းချောင်းနှင့် ရှူခင်းတွေကို ဖခင်ဖြစ်သူ စက်ဘီးနင်သည့်နောက်ကနေ အေးအေးဆေးဆေးကြည့်ရှုရခြင်းကို သဘောကျ နှစ်သက်သည့်အတွက် လိုက်ပို့ပေးရသော ဖခင်ကြီးမှာ ပီတိဖြစ်နေရသည်။
Rain (For Ialinks)
Zawgyi
သမီးလေးရဲ့ ၄နှစ်မြောက်မွေးနေ့မှာ စက်ဘီးတစ်စီးနဲ့အတူ နေရာအနှံ့ခရီးပက်ထွက်ခဲ့သော ကြင်ဖော်မဲ့ ဖခင်
Rain (For Ialinks)