ခရီးသည်တွေ ကားထဲမှာ ကြာကြာစီးနင်းလိုက်ပါရန်အတွက် ကာရာအိုကေဆိုင်ရောက်နေသလို မိုက်နဲ့ ကိုယ်တိုင်သီချင်းဆိုရသည့် ဝန်ဆောင်မှုမျိုးပေးသော ယာဥ်မောင်းအမျိုးသား

ကားဌားစီးသည့်အခါ ခရီးသည်အများစုသည် ကားမူးတတ်ပြီး တမှိုင်မှိုင်တထွေထွေနှင့် တစ်ယောက်နဲ့တစ်ယောက် စကားပင်မပြောဆိုကြပဲ ပျင်းရိစွာ လိုက်ပါစီးနင်းတတ်ကြသည်။

သို့ရာတွင် ထိုင်းနိုင်ငံမှ အဌားယာဥ်မောင်းအမျိုးသားတစ်ဦးသည် သူ့ကားပေါ်တွင် ခရီးသည်များ မပျင်းရလေအောင်နဲ့ ကြာကြာဌားစီးရန် ကားနောက်ခန်းကို ကာရာအိုကေဆိုင်အဖြစ် ပြောင်းလဲခဲ့သည်။

ယာဥ်မောင်းဆရာသည် ခရီးသည်များအပေါ် ဖော်ရွေစွာ ဆက်ဆံပြီးတော့ လိုက်စီးသည့်သူရဲ့ အသက်အရွယ် အနေအထားကိုကြည့်ပြီး သူတို့အကြိုက်တွေ့စေမည့် သီချင်းလေးဖွင့်ထားပေးကာ ရောင်စုံမီးအလှလေးထွန်းထားပေးပြီး မိုက်နဲ့ ကိုယ်တိုင် သီချင်းဆိုခွင့်ပေးခဲ့သည်။

ခရီးသည်များသည် ယာဥ်မောင်းဆရာရဲ့ ဝန်ဆောင်မှုကို တစ်ခါစီးဖူးရုံနဲ့ သဘောကျသွားပြီး ကားကြာကြာစီးချင်၍ မွေးရပ်ဇာတိမြေသို့ ပြန်သည့်အခါ ဌားရန်ကမ်းလှမ်းခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories