ကျောင်းတက်နေရင်း အပိုဝင်ငွေရအောင် လိုင်းပေါ်ကနေ ကိတ်မုန့်လုပ်ပြီး ရောင်းခဲ့ရာမှ ကိတ်မုန့်လာအားပေးသော ဖောက်သည်ကောင်လေးနဲ့ တစ်ခါတည်း ညားသွားသော မိန်းကလေး

အချစ်ဆိုသောအရာသည် လျှို့ဝှက်ဆန်းကြယ်ပြီး ဆုံတွေ့ရသော အချိန်ခဏလေးအတွင်းမှာပဲ မြင်မြင်ချင်းအချစ်ဆိုတာ ဖြစ်ပေါ်တတ်ကာ တစ်ဘဝလုံးစာအတွက် ပေါင်းဖက်သွားကြရသည့် ချစ်သူစုံတွဲလေးတွေလည်း ရှိနေသည်။

ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ အသက်၂၂နှစ်အရွယ် မိန်းကလေးတစ်ဦးသည် တက္ကသိုလ်နောက်ဆုံးနှစ်တက်ရောက်နေရင်းနဲ့ အပိုဝင်ငွေလေးရအောင် လိုင်းပေါ်ကနေ ကိတ်မုန့်မျိုးစုံလုပ်ပြီးတော့ ဝယ်သူများဆီလည်း အိမ်တိုင်ရောက်စနစ်ဖြင့် ရောင်းချခဲ့၍ အတော်လေးရောင်းအားကောင်းခဲ့သည်။

မိန်းကလေးရဲ့ ကိတ်မုန့်တွေသည် အရသာရှိပြီး မုန့်လုပ်သူကလည်း အချောလေးဖြစ်နေ၍ လိုင်းပေါ်မှာ ချက်ချင်းပဲ နာမည်ကြီးသွားကာ အိမ်ခြံမြေရုံးရဲ့ပိုင်ရှင်တစ်ဦးဖြစ်သော အသက်၂၈နှစ်အရွယ် အမျိုးသားမှ ကိတ်မုန့်တွေကို ဝယ်ယူအားပေးခဲ့သည်။

ကိတ်မုန့်လာပို့သောအခါ မိန်းကလေးမှာ ချောမောပြီး ချစ်စရာကောင်းလွန်း၍ အမျိုးသားမှာ တစ်ခါတည်း ချစ်မိသွားပြီး ကိတ်မုန့်တွေကို နေ့တိုင်းဝယ်ယူကာ တစ်လအကြာမှာတော့ ချစ်နေကြောင်း ဝန်ခံခဲ့သည်။

အစပိုင်းတွင် မိန်းကလေးမှ အချိန်တိုတွင်းလေးမှာ ဖွင့်ပြောခဲ့တာကြောင့် သူမအားလှည့်စားမည်ကိုစိုးရိမ်ပြီး ငြင်းဆန်ခဲ့သော်လည်း အမျိုးသားရဲ့ခံစားချက်အမှန်ကို သိသွားချိန်တွင် ချစ်သူတွေအဖြစ် တွဲခဲ့ကြပြီး ၄လအကြာမှာတော့ အမျိုးသားမှ ချစ်သူမိန်းကလေးကို လက်ထပ်ခွင့်တောင်းပစ်လိုက်သည်။

Rain (For Ialinks)

Zawgyi

ေက်ာင္းတက္ေနရင္း အပိုဝင္ေငြရေအာင္ လိုင္းေပၚကေန ကိတ္မုန္႔လုပ္ၿပီး ေရာင္းခဲ့ရာမွ ကိတ္မုန္႔လာအားေပးေသာ ေဖာက္သည္ေကာင္ေလးနဲ႔ တစ္ခါတည္း ညားသြားေသာ မိန္းကေလး

အခ်စ္ဆိုေသာအရာသည္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ၿပီး ဆုံေတြ႕ရေသာ အခ်ိန္ခဏေလးအတြင္းမွာပဲ ျမင္ျမင္ခ်င္းအခ်စ္ဆိုတာ ျဖစ္ေပၚတတ္ကာ တစ္ဘဝလုံးစာအတြက္ ေပါင္းဖက္သြားၾကရသည့္ ခ်စ္သူစုံတြဲေလးေတြလည္း ရွိေနသည္။

ယခုတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ အသက္၂၂ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးသည္ တကၠသိုလ္ေနာက္ဆုံးႏွစ္တက္ေရာက္ေနရင္းနဲ႔ အပိုဝင္ေငြေလးရေအာင္ လိုင္းေပၚကေန ကိတ္မုန္႔မ်ိဳးစုံလုပ္ၿပီးေတာ့ ဝယ္သူမ်ားဆီလည္း အိမ္တိုင္ေရာက္စနစ္ျဖင့္ ေရာင္းခ်ခဲ့၍ အေတာ္ေလးေရာင္းအားေကာင္းခဲ့သည္။

မိန္းကေလးရဲ႕ ကိတ္မုန္႔ေတြသည္ အရသာရွိၿပီး မုန္႔လုပ္သူကလည္း အေခ်ာေလးျဖစ္ေန၍ လိုင္းေပၚမွာ ခ်က္ခ်င္းပဲ နာမည္ႀကီးသြားကာ အိမ္ၿခံေျမ႐ုံးရဲ႕ပိုင္ရွင္တစ္ဦးျဖစ္ေသာ အသက္၂၈ႏွစ္အ႐ြယ္ အမ်ိဳးသားမွ ကိတ္မုန္႔ေတြကို ဝယ္ယူအားေပးခဲ့သည္။

ကိတ္မုန္႔လာပို႔ေသာအခါ မိန္းကေလးမွာ ေခ်ာေမာၿပီး ခ်စ္စရာေကာင္းလြန္း၍ အမ်ိဳးသားမွာ တစ္ခါတည္း ခ်စ္မိသြားၿပီး ကိတ္မုန္႔ေတြကို ေန႔တိုင္းဝယ္ယူကာ တစ္လအၾကာမွာေတာ့ ခ်စ္ေနေၾကာင္း ဝန္ခံခဲ့သည္။

အစပိုင္းတြင္ မိန္းကေလးမွ အခ်ိန္တိုတြင္းေလးမွာ ဖြင့္ေျပာခဲ့တာေၾကာင့္ သူမအားလွည့္စားမည္ကိုစိုးရိမ္ၿပီး ျငင္းဆန္ခဲ့ေသာ္လည္း အမ်ိဳးသားရဲ႕ခံစားခ်က္အမွန္ကို သိသြားခ်ိန္တြင္ ခ်စ္သူေတြအျဖစ္ တြဲခဲ့ၾကၿပီး ၄လအၾကာမွာေတာ့ အမ်ိဳးသားမွ ခ်စ္သူမိန္းကေလးကို လက္ထပ္ခြင့္ေတာင္းပစ္လိုက္သည္။

Rain (For Ialinks)

  • Leave a Comment

Categories