ဖခင်ဖြစ်သူကိုလက်ဆောင်လေးများပေးဆောင်ပြီး ကျေးဇူးတရားသိတတ်မှုတွေဟာ အလွန်ကြည်နူးဖွယ်ရာကောင်းနေခဲ့ပါတယ်။ယခုတွင်လည်းကောင်မလေးတစ်ဦးဟာ အိုင်ဖုန်းဗူးလေးကိုယူလာပြီးဖခင်ဖြစ်သူကိုလက်ဆောင်ပေးခဲ့ခြင်းဖြစ်ပါတယ်။
ထိုအခါဖခင်ဖြစ်သူကလည်း သမီးလေးကသိတတ်စွာဖြင့်တန်ဖိုးကြီးလှသောအိုင်ဖုန်းလေးကိုပင်လက်ဆောင်ပေးသည့်အတွက် မျက်ရည်များကျလုမတတ်ပင်ပျော်ရွင်ပြီး ဖွင့်ဖောက်ကြည့်လိုက်ပါတော့တယ်။ဖွင့်ကြည့်လိုက်ချိန်မှာတော့ဗူးထဲကိုထမင်းတွေထည့်ထားပြီးစနောက်နေမှန်းသိလိုက်ရကာရှက်နေပါတော့တယ်။
သမီးဖြစ်သူကတော့ရှက်နေသည့်ဖခင်ကိုကြည့်ပြီးရယ်နေခဲ့ကာ နောက်ဆုံးမှာတော့ဖခင်ကိုထပ်မစတော့ဘဲ ဗူးထည့်ကထုတ်ထားသည့်ဖုန်းလေးကို ဖခင်အားပေးအပ်လိုက်ပါတယ်။
Shoon (Cele Daily)
Zawgyi
သမီးလေးကအိုင်ဖုန်းဝယ်ပေးလို့ ဖခင်ကအပျော်လွန်ရင်းဖွင့်ကြည့်လိုက်မှ ဗူးထဲတွင်ထမင်းထည့်ထားတာကိုတွေ့ပြီး ရှက်သွားခဲ့ရသည့်ဖခင်ကိုကြည့်ပြီး သဘောကျရယ်နေသည့်သမီး
Shoon (Cele Daily)