မွေးကင်းစအရွယ်က ပြုစုစောင့်ရှောက်ပေးခဲ့သည့် သခင်ဖြစ်သူကို နှစ်ပေါင်းများစွာကြာမှ ပြန်တွေ့သော်လည်း ကျေးဇူးမမေ့ဘဲ မြင်တာနဲ့ ပြေးဖက်ခဲ့သည့် မျောက်ကလေး

ယခုမျောက်ကလေးဟာ အမေရိကန်နိုင်ငံ မိုင်ယာမီ သတ္တုတူးဖော်ရေးမှ တောရိုင်းတိရိစ္ဆာနိဖောင်ဒေးရှင်းတွင်သော မျောက်ကလေးဖြစ်ပါတယ်။ထိုမျောက်ကလေးဟာ မွေးဖွားလာသည့်အချိန်ကပင် အဆုတ်ရောင်ရောဂါပါရှိလာသဖြင့် ဇနီးမောင်နှံနှစ်ဦးမှ နေအိမ်တွင် ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ဇနီးမောင်နှံနှစ်ဦးဟာ နောက်ပိုင်းတွင် အလုပ်ပြောင်းပြီး ရွေ့ပြောင်းနေထိုင်သောအခါ မျောက်ကလေးကို ဖောင်ဒေးရှင်းတွင် ပြန်လည်ထားခဲ့ရပါတယ်။သို့သော်လည်း နှစ်ပေါင်းများစွာကြာမြင့်သည့်အချိန်တွင် ထိုနေရာသို့ ပြလည်သွားလည်သောအခါ မျောက်ကလေးဟာ ဇနီးမောင်နှံနှစ်ဦးကို မြင်တွေ့သွားခဲ့ပါတယ်။

မြင်တွေ့သည်နှင့်မျောက်ကလေးဟာ အပြေးလာရောက်ပြီး ဇနီးမောင်နှံနှစ်ဦးစလုံးကို ပွေ့ဖက်ခဲ့ပါတယ်။

ထိုမျောက်ကလေး၏ ကြည်နူးဖွယ် အမူအရာလေးဟာ လူသားအားလုံး၏ နှလုံးကို အရည်ပျော်စေခဲ့ပြီး တိရိစ္ဆာန်လေးတို့၏ ကျေးဇူးမမေ့မှုကိုလည်း အံအားသင့်ခဲ့ရပါတယ်။

Shoon (Cele Daily)

Zawgyi






Shoon (Cele Daily)

  • Leave a Comment

Categories