တစ်နှစ်ပတ်လုံး မပုပ်သိုးသွားအောင် ရွှံ့စေးခွက်ထဲမှာ သိုလှောင်ထားပြီး စားသုံးကြသည့် အာဖဂန်လူမျိုးများ

အာဖဂန်နစ္စတန်တွင် နေထိုင်သောလူမျိုးများသည် ရှေးခေတ်က ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတို့ကို ညှိုးနွမ်းခြင်းမရှိပဲ ကြာရှည်ထားခံအောင် ရေခဲသေတ္တာတွေမရှိတာကြောင့် ကြာရှည်ခံထားနိုင်မည့် နည်းလမ်းကို ရှာဖွေကြသည်။

ထိုကြောင့် သူတို့လူမျိုးများသည် ရွှံ့စေးမြေတွေကို ခွက်ပုံစံလေးတွေပြုလုပ်ပြီးတော့ စပျစ်သီးများအား ထည့်ထားကာ အလုံပိတ်လိုက်ပြီးတော့ ကြာရှည်ခံမခံကို စမ်းသပ်ခဲ့ကြပြီး စပျစ်သီးများမှာ ၆လကနေ တစ်နှစ်အထိ မညှိုးမနွမ်း မပုပ်သိုးစေပဲ သိုလှောင်ထားနိုင်တာကို သိရှိခဲ့သည်။

ရွှံ့စေးမြေများသည် အပူဓာတ်ကို စုပ်ယူကာ အအေးဓာတ်ရှိ၍ သီးနှံများသည် လတ်ဆတ်နေဆဲဖြစ်ကာ ဆောင်းရာသီကနေ နွေရာသီအထိပင် အကောင်းတိုင်းထားနိုင်ပြီး ရွှံ့စေးမြေအလုံပိတ်နဲ့ပဲ ရောင်းချခဲ့ကြသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories