စားမေးပွဲဖြေရာတွင်အေးဆေးစွာဖြေဆိုနိုင်ဖို့အတွက်တပည့်ဖြစ်သူ၏၃လအရွယ်သားငယ်လေးကို ၃နာရီကြာအောင်ပွေ့ချီပြီးကလေးထိန်းပေးခဲ့သည့် ကျောင်းအုပ်ဆရာမကြီး

သူတစ်ပါး၏အခက်အခဲများကိုကူညီဖြေရှင်းပေးလိုအသိစိတ်ရှိခြင်းသည်လူသားဆန်သောနှစ်သက်ဖွယ်အပြုအမူလေးဖြစ်ပါတယ်။သာမန်အားဖြင့်ကျောင်းအုပ်ဆရာမကြီးများသည် ရာထူးဂုဏ်ဒြပ်တို့ဖြင့် ခပ်တည်တည်သာအနေများကြတာဖြစ်ပါတယ်။ယခုအခါမှာတော့ထိုင်းနိုင်ငံမှကျောင်းအုပ်ဆရာမကြီးသည် စာမေးပွဲလာဖြေချိန်၌ကလေးတစ်ဖက်ဖြင့်ဖြေဆိုနေရသောတပည့်၏အဖြစ်ကို စာနာမိပေသည်။

ထို့ကြောင့် တပည့်ဖြစ်သူ၏၃လသားအရွယ်သာရှိသေးသည့်သားကယ်လေးကို ထိန်းပေးခဲ့တာဖြစ်ပါတယ်။ကလေးငယ်ကိုထိန်းရတာဟာအလွန်ခက်ခဲလှသော်လည်း ကျောင်းအုပ်ဆရာမကြီးဟာစာမေးပွဲဖြေဆိုသည့်၃နာရီအချိန်လုံးကို စိတ်ရှည်သည်းခံစွာဖြင့်ကလေးထိန်းပေးခဲ့တာဖြစ်ပါတယ်။

ရာထူးကြောင့်ဂုဏ်တက်ခြင်းမရှိဘဲလူသားခြင်းစာနာတတ်သောဆရာမကြီးဟာ လူအများ၏ချီးကျူးခြင်းကိုခံနေရပါတယ်။

Shoon (Cele Daily)

Zawgyi





Shoon (Cele Daily)

  • Leave a Comment

Categories