သခွားမွှေးသီးအား ဝယ်ယူကာ လူရုပ်ပုံစံ ဆေးရောင်ခြယ်သပြီးတော့ ဆံပင်တုလေးကိုပါ တပ်ထားပေးကာ မိသားစုကို ကြောက်လန့်အောင် စနောက်ခဲ့သည့် ကောင်လေး

ဂျပန်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် စျေးကနေ သခွားမွှေးသီးများကို ဝယ်ယူပြန်ခဲ့ပြီး ဆေးရောင်ခြယ်ကာ လူသားပုံစံပန်းချီရေးဆွဲ၍ အိမ်ထဲနေရာအနှံ့လိုက်ချထားကာ မိသားစုကို ကြောက်လန့်မှုဖြစ်သွားအောင် စနောက်ခဲ့သည်။

ကောင်လေးသည် Kyoto University of the Artsတွင် ပန်းချီပညာကို သင်ကြားနေပြီး အိမ်ပြန်ရောက်သောအခါ သူ့ရဲ့အနုပညာလက်စွမ်းကို ပြချင်၍ သခွားမွှေးသီးဝယ်ယူပြီးတော့ ၂နာရီကြာအောင် လူသားတစ်ဦးရဲ့ ဦးခေါင်းပုံစံ ဆေးခြယ်သခဲ့သည်။

ကောင်လေးသည် လူခေါင်းပုံစံလုပ်ပြီးသောအခါ မိသားစုမှ ချက်ချင်းမြင်တွေ့စေနိုင်သည့် ရေခဲသေတ္တာ၊ အိပ်ရာနှင့် ဧည့်ခန်းတွေမှာ ထားရှိကာ ခြောက်လန့်စေခဲ့သည်။

Rain (For Ialinks)

Zawgyi


ဂျပန်နိုင်ငံမှ အသက်၂၀ကျော်အရွယ် ကောင်လေးတစ်ဦးသည် ဈေးကနေ သခွားမွှေးသီးများကို ဝယ်ယူပြန်ခဲ့ပြီး ဆေးရောင်ခြယ်ကာ လူသားပုံစံပန်းချီရေးဆွဲ၍ အိမ်ထဲနေရာအနှံ့လိုက်ချထားကာ မိသားစုကို ကြောက်လန့်မှုဖြစ်သွားအောင် စနောက်ခဲ့သည်။



Rain (For Ialinks)

  • Leave a Comment

Categories