ကြောက်မက်ဖွယ် မိကျောင်းကြီးနှင့်အတူ ရေအောက်ဆင်းပြီး ဓာတ်ပုံရိုက်ခဲ့ကြသော ဇနီးမောင်နှံ

မိကျောင်းများသည် အသားစား သတ္တဝါတွေဖြစ်ကြကာ ကြမ်းတမ်းပြီး ကြောက်စရာကောင်းတဲ့အတွက် အများစုမှာ မြင်တာနဲ့ လန့်နေကြပြီး အနားပင်မကပ်ရဲကြပေ။

သို့သော်လည်း မက္ကဆီကိုမှ အသက်၄၉နှစ်အရွယ် ဓာတ်ပုံဆရာတစ်ဦးသည် ဇနီးဖြစ်သူမှ မော်ဒယ်တစ်ယောက်ဖြစ်သည့်အတွက် ဓာတ်ပုံဆန်းဆန်းလေး ရိုက်ကူးပေးဖို့ရာ လုံခြုံရေးအဖွဲ့နဲ့အတူ ပင်လယ်ထဲ ထွက်ခဲ့ကြသည်။

ဓာတ်ပုံဆရာသည် ကြောက်မက်ဖွယ်ကောင်းသည့် မိကျောင်းများကူးခတ်နေသော ပင်လယ်ရေအောက်တွင် ဆင်းကာ မိကျောင်းကြီးတွေနဲ့အတူ ဖက်ရှင်ကျကျ ဝတ်စားထားပြီးတော့ တည်ငြိမ်သောအမူအရာနှင့် အလန်းဇယားများ ရိုက်ကူးခဲ့သည်။

သူတို့ရဲ့အနားတွင် မိကျောင်းရန်မှ ကာကွယ်ရန် လုံခြုံရေးအဖွဲ့ကို စောင့်ကြည့်ခိုင်းထားပြီးမှ မိကျောင်းနှင့်အတူ အေးဆေးတည်ငြိမ်သော ဓာတ်ပုံများစွာကို ရိုက်ကူးနိုင်ခဲ့ရာ အများမှ အန္တရာယ်များလှသော လုပ်ရပ်ဖြစ်၍ ချီးမွမ်းကြပြီး အချို့ကျတော့လည်း ကဲ့ရဲ့ပြစ်တင်ပြောဆိုနေကြသည်။

Rain (For Ialinks)

Zawgyi

ေၾကာက္မက္ဖြယ္ မိေက်ာင္းႀကီးႏွင့္အတူ ေရေအာက္ဆင္းၿပီး ဓာတ္ပုံ႐ိုက္ခဲ့ၾကေသာ ဇနီးေမာင္ႏွံ

မိေက်ာင္းမ်ားသည္ အသားစား သတၱဝါေတြျဖစ္ၾကကာ ၾကမ္းတမ္းၿပီး ေၾကာက္စရာေကာင္းတဲ့အတြက္ အမ်ားစုမွာ ျမင္တာနဲ႔ လန္႔ေနၾကၿပီး အနားပင္မကပ္ရဲၾကေပ။

သို႔ေသာ္လည္း မကၠဆီကိုမွ အသက္၄၉ႏွစ္အ႐ြယ္ ဓာတ္ပုံဆရာတစ္ဦးသည္ ဇနီးျဖစ္သူမွ ေမာ္ဒယ္တစ္ေယာက္ျဖစ္သည့္အတြက္ ဓာတ္ပုံဆန္းဆန္းေလး ႐ိုက္ကူးေပးဖို႔ရာ လုံၿခဳံေရးအဖြဲ႕နဲ႔အတူ ပင္လယ္ထဲ ထြက္ခဲ့ၾကသည္။

ဓာတ္ပုံဆရာသည္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ မိေက်ာင္းမ်ားကူးခတ္ေနေသာ ပင္လယ္ေရေအာက္တြင္ ဆင္းကာ မိေက်ာင္းႀကီးေတြနဲ႔အတူ ဖက္ရွင္က်က် ဝတ္စားထားၿပီးေတာ့ တည္ၿငိမ္ေသာအမူအရာႏွင့္ အလန္းဇယားမ်ား ႐ိုက္ကူးခဲ့သည္။

သူတို႔ရဲ႕အနားတြင္ မိေက်ာင္းရန္မွ ကာကြယ္ရန္ လုံၿခဳံေရးအဖြဲ႕ကို ေစာင့္ၾကည့္ခိုင္းထားၿပီးမွ မိေက်ာင္းႏွင့္အတူ ေအးေဆးတည္ၿငိမ္ေသာ ဓာတ္ပုံမ်ားစြာကို ႐ိုက္ကူးႏိုင္ခဲ့ရာ အမ်ားမွ အႏၲရာယ္မ်ားလွေသာ လုပ္ရပ္ျဖစ္၍ ခ်ီးမြမ္းၾကၿပီး အခ်ိဳ႕က်ေတာ့လည္း ကဲ့ရဲ႕ျပစ္တင္ေျပာဆိုေနၾကသည္။

Rain (For Ialinks)

  • Leave a Comment

Categories