ဘွဲ့ရချိန်တွင် ကြံခင်းမှာ ပင်ပင်ပန်းပန်း အလုပ်ဆင်းပြီး ကျောင်းထားပေးခဲ့သော မိခင်ဖြစ်သူဆီ အပြေးသွားကာ ထိုင်ကန်တော့ခဲ့သည့် မိန်းကလေး

ထိုင်းနိုင်ငံမှ အသက်၂၀ကျော်အရွယ် မိန်းကလေးတစ်ဦးသည် ဆင်းရဲနွမ်းပါးသော မိသားစုမှ မွေးဖွားလာခဲ့ပေမယ့် မိခင်ဖြစ်သူမှာ သားသမီးတွေရဲ့ ပညာရေးကို ဦးစားပေးထောက်ပံ့ပေးခဲ့၍ ကောင်းမွန်သော အနာဂတ်ဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့သည်။

မိခင်ဖြစ်သူသည် ရွာထဲတွင် ကြံခင်းအလုပ်နှင့် ကြုံရာအလုပ်များကို ပင်ပင်ပန်းပန်း လုပ်ကိုင်ပြီးတော့ သမီးလေးရဲ့ ကျောင်းစရိတ်အတွက် ရှာဖွေပေးကာ သူမလိုအနေဆင်းရဲ အစားဆင်းရဲဘဝမျိုးကနေ လွတ်မြောက်အောင် စွမ်းဆောင်ပေးခဲ့သည်။

မိန်းကလေးသည် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မိခင်ဖြစ်သူကို တက်ရောက်စေချင်ပေမယ့် ဆင်းရဲသောမိခင်မှ အဝတ်အကောင်းလည်းမရှိတာကြောင့် သမီးလေးမှ သူငယ်ချင်းတွေကြား မျက်နှာငယ်မှာစိုးပြီး လိုက်မသွားပဲ အလုပ်ဆင်းနေခဲ့သည်။

သို့ပေမယ့် မိန်းကလေးသည် ဘွဲ့လက်မှတ်ယူပြီးချိန်တွင် မိခင်ဖြစ်သူရှိရာ ခြံထဲသို့ လိုက်သွားကာ ကျေးဇူးတင်စွာဖြင့် ထိုင်ကန်တော့ခဲ့သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories