ဝက်ခြေထောက်ထမင်းဆိုင်မှ ရောင်းချနေသော ဆိုင်ရှင်မှာ ရုပ်ရှင်မင်းသားတွေထက် ပိုပြီးချောမောနေတာကြောင့် ကောင်မလေးအတော်များများက ဆိုင်လိပ်စာမေးနေကြသည့်အဖြစ်

ထိုင်းနိုင်ငံမှ အသက်၂၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် Gymနည်းပြဖြစ်ခဲ့ပေမယ့် ကပ်ရောဂါကြောင့် အားကစားရုံကို ပိတ်ထားရ၍ ဝက်ခြေထောက်ထမင်းဆိုင်လေးတစ်ဆိုင်ဖွင့်ထားရာ အရသာကောင်းမွန်မှုတို့ကြောင့် ဖောက်သည်များစွာရဲ့ အားပေးမှုကို ရရှိထားသည့်အပြင် အင်္ကျီချွတ်နဲ့ ခန္ဓာကိုယ် ကြွက်သားအလှတွေကို မြင်တွေ့ပြီးနောက် လိုင်းပေါ်အတင်ခံရကာ ပိုပြီးနာမည်ကြီးလာခဲ့သည်။

ကောင်လေးသည် တစ်ချိန်လုံး ဆိုင်ကြော်ငြာအဝတ်အစားနဲ့ ဦးထုပ်ကိုအမြဲဆောင်းထားကာ Maskလည်း တပ်ဆင်ထားသည့်အတွက် သူ့ရဲ့ ချောမောသောရုပ်ရည်နှင့် ကြွက်သားအလှတွေကို မည်သူကမှ မမြင်ဖူးပဲ စိတ်ဝင်စားခြင်းမရှိခဲ့ပေ။

သို့ပေမယ့် ကောင်လေးသည် ဖောက်သည်တစ်ဦးရဲ့ ဓာတ်ပုံခိုးရိုက်ခြင်းကို ခံရပြီး လူမှုကွန်ယက်ထိပါပျံ့နှံ့သွားခဲ့ရာ မိန်းကလေးအတော်များများသည် ထိုဆိုင်ရဲ့ လိပ်စာကို မေးမြန်းကုန်ကြပြီး ချက်ချင်းပင် လာရောက်ဖို့ စိတ်အားထက်သန်နေခဲ့ကြသည်။

Rain (For Ialinks)

Zawgyi





Rain (For Ialinks)

  • Leave a Comment

Categories