မိခင်ဖြစ်သူမှ နောက်အိမ်ထောင်ပြုသွားလို့ ဝမ်းနည်းနေစဥ် ပထွေးတော်ရမည့်သူကပါ ကျောင်းတုန်းက အချစ်ဦးဖြစ်နေ၍ အံ့အားသင့် ကြေကွဲသွားသော မိန်းကလေး

လူတိုင်းနီးပါးက ငယ်စဥ်ကျောင်းတက်အရွယ်တွင် ရင်ခုန်တက်စ၌ အချစ်ဦးတစ်ယောက်လောက်ထားဖူးခဲ့ကြပြီး အချို့ကျ ကွဲကွာသွားကာ အချို့ကျတော့လည်း ကျောင်းပြီး၍ အလုပ်အကိုင် အတည်တကျ ရှိချိန်တွင် ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သွားတတ်ကြသည်။

သို့ဖြစ်၍ မလေးရှားနိုင်ငံမှ အသက်၃၀အရွယ် မိန်းကလေးတစ်ဦးသည် ဖခင်ဖြစ်သူက ငယ်စဥ်လေးတည်းက ဆုံးပါးသွားတာကြောင့် မိခင်လက်ထဲတွင် ကြီးပြင်းခဲ့ရပေမယ့် ဘဝကို လိုလိုသေးမရှိဖြတ်သန်းခဲ့ရသည်။

မိခင်ဖြစ်သူသည် အသက်၅၀အရွယ်ရောက်သောအခါ လိုင်းပေါ်ကနေ သူမထက်အသက်ငယ်သော ကောင်လေးတစ်ဦးနဲ့ ချစ်ကြိုက်ခဲ့ပြီး လက်ထပ်ဖို့ရာထိ ဖြစ်လာခဲ့ရာ သမီးလေးနဲ့ မိတ်ဆက်ပေးခဲ့သည်။

သမီးဖြစ်သူသည် မိခင်ဖြစ်သူကို နောက်အိမ်ထောင်မပြုစေလို၍ ဝမ်းနည်းနေခဲ့ပြီး မိတ်ဆက်ပေးသော မိခင်ရဲ့ ခင်ပွန်းသစ်မှာလည်း သူမရဲ့ ကျောင်းတက်တုန်းက အချစ်ဦးဖြစ်နေ၍ အံ့အားသင့်ကာ ပိုပြီးတော့ ဝမ်းနည်းကြေကွဲရသော်လည်း မိခင်ဖြစ်သူပျော်ရွှင်ဖို့အတွက် ဦးစားပေးကာ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲကို အကောင်းဆုံး ဂုဏ်ပြုပေးခဲ့သည်။

video

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories