အံ့သြစရာကောင်းတဲ့ သစ်ပင်ပရိဘောဂပစ္စည်းတွေကိုပြုလုပ်ရန် ၁၀ နှစ်၊၁၂နှစ်လောက် အချိန်ယူရတဲ့ အမျိုးသား (ရုပ်သံ)

၃၉ နှစ်အရွယ် ဗြိတိန်ဒီဇိုင်နာ တစ်ဦးဖြစ်တဲ့ Gavin Munro ဟာ သစ်ပင်တွေနဲ့ ပြုလုပ်ထားတဲ့ ကုလားထိုင်တွေကို သူ့က စုစုပေါင်း ၁၀ နှစ်လောက်ကြာအောင်လုပ်ခဲ့ရပါတယ် ။ အချို့သောကုလားထိုင်တွေဆိုရင် ၁၂ နှစ်တောင် အချိန်ယူရပါတယ် ။ Munro ဟာ အနုပညာကောလိပ်မှ ပရိဘောဂဒီဇိုင်းဘွဲ့နဲ့ သူဟာ အင်္ဂလန်နိုင်ငံ၊ East Midlands ရှိ ၊ Derbyshire မြို့မှာ ကြီးမားတဲ့ ခြံတစ်ခုရှိပါတယ် ။ အထူးသဖြင့် သူ့ရဲ့ခြံဟာ ပရိဘောဂများပြုလုပ်တဲ့ စက်ရုံများအတွက် ဖြစ်ပါတယ် ။ Munro ဟာ သစ်ပင်‌တွေ နဲ့ စမ်းသပ်မှုတစ်ခုပြုလုပ်လိုခဲ့တာကြောင့် သစ်ပင်ကုလားထိုင်ကို ဖန်တီးရန် စိတ်ကူးစတင်ခဲ့ပါတယ် ။ Munro က ထိုလုပ်ငန်းစဉ်ဟာ သစ်ပင်တွေရဲ့ အပင်ကြီးထွားမှုကို အချိန်နဲ့အမျှစောင့်ကြည့်နေစဉ် ကျွန်ုပ်တို့လိုချင်တဲ့ ပုံသဏ္ဌာန်ကို သစ်ပင်များ ကြီးထွားစေခြင်းဖြင့် စတင်ခဲ့တာပါ ။ အဲဒီအချိန်တုန်းက သူ့မိခင်ရဲ့အိမ်နောက်ဖေးမှာ ပလ္လင်တစ်လုံးနဲ့တူအောင် သစ်ပင်တစ်ပင်ရှိပါတယ် ။ ဒီတော့ Munro က သစ်ပင်ရဲ့လမ်းကြောင်းကိုစိန်ခေါ်ဖို့ စဉ်းစားနေခဲ့ပါတယ် ။

တစ်နှစ်အကြာမှာ Munro ဟာ ထိုသစ်ပင်တစ်ပင်ကို ကုလားထိုင်တစ်ခုအဖြင့် ခုတ်ထွင်နိုင်ခဲ့ပါတယ် ။ သူတီထွင်ခဲ့တဲ့ ပလပ်စတစ်မှိုများရဲ့ အကူအညီဖြင့် Munro ဟာ သစ်ပင်များကို ကုလားထိုင်များထဲမှ တစ်ပြိုင်တည်း ပုံသွင်းနိုင်ခဲ့ပါတယ် ။ သူလုပ်တဲ့ကုလားထိုင်တိုင်းကို ကြိုတင်ဘွတ်ကင်လုပ်ထားပြီးဖြစ်တာကြောင့် တစ်ယူနစ်ဆိုရင် အမေရိကန်ဒေါ်လာ ၄၀၀၀ ခန့်ကုန်ကျပါတယ် ။ သူဟာ မိုးမခ၊ သပိတ်ပင်၊ ပြာနဲ့သင်္ဘောသဖန်းပင်များကိုလည်း စိုက်ခဲ့ပါတယ် ။

JRose (KB Chimmy One)

Reference : gtgoodtimes

Zawgyi



JRose (KB Chimmy One)

  • Leave a Comment

Categories