၁၁နာရီကြာအောင် မြေကြီးကို နှာမောင်းနဲ့ တူးဆွပြီးတော့ သူမရဲ့ကလေးကို ကယ်တင်နေသော ဆင်မိခင်ကြီး

မိဘမေတ္တာသည် လူသားတွေမှ မဟုတ်ပဲ တိရစ္ဆာန်လေးများတွင်လည်း သူတို့ရဲ့သားသမီးတွေအပေါ်မှာ သံယောဇဉ်ထားကာ ဒုက္ခရောက်နေချိန်၌ ကျော်မသွားနိုင်ပဲ အစွမ်းကုန် ကယ်တင်ပေးတတ်ကြသည်။

သို့ဖြစ်၍ အိန္ဒိယနိုင်ငံ ချာထရာခရိုင်ရှိ ကွင်းပြင်ကျယ်ကြီးတွင် ဆင်မကြီးတစ်ကောင်သည် နှာမောင်းနှင့် လက်တွေကို အသုံးပြုပြီးတော့ မြေကြီးအား တွင်းပေါက်လေးဖြစ်အောင် ၁၁နာရီကြာသည်ထိ တူးဆွနေသော မြင်ကွင်းကြောင့် ရွာသူရွာသားများမှ စိတ်ဝင်တအားနဲ့ လာရောက်ကြည့်ရှုခဲ့သည်။

ဆင်မကြီးသည် မရပ်မနားပဲ ဝမ်းနည်းကြေကွဲသော ငြီးတွားသံများနဲ့အတူ မြေကြီးအား တူးဖော်နေခဲ့ရာ ရွာသူရွာသားများမှ အနီးကပ်ကြည့်ရှူခဲ့စဥ် အထဲတွင် ရွှံ့နွံများကြား နစ်မွန်းနေသော ဆင်ပေါက်လေးတစ်ကောင်ကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့ပြီးနောက် အကြောင်းစုံနားလည်သွားပြီး ဆင်ပေါက်လေးအား အပေါ်သို့ရောက်အောင် ကယ်တင်ပေးခဲ့သည်။

ထိုအခါမှပဲ ဆင်မိခင်ကြီးလည်း စိတ်သက်သာရာရကာ ဆင်ပေါက်လေးနဲ့အတူ ပျော်ရွှင်စွာ ထွက်ခွာသွားကြသည်။

Rain (For Ialinks)

Zawgyi

၁၁နာရီၾကာေအာင္ ေျမႀကီးကို ႏွာေမာင္းနဲ႔ တူးဆြၿပီးေတာ့ သူမရဲ႕ကေလးကို ကယ္တင္ေနေသာ ဆင္မိခင္ႀကီး

မိဘေမတၱာသည္ လူသားေတြမွ မဟုတ္ပဲ တိရစာၦန္ေလးမ်ားတြင္လည္း သူတို႔ရဲ႕သားသမီးေတြအေပၚမွာ သံေယာဇဥ္ထားကာ ဒုကၡေရာက္ေနခ်ိန္၌ ေက်ာ္မသြားႏိုင္ပဲ အစြမ္းကုန္ ကယ္တင္ေပးတတ္ၾကသည္။

သို႔ျဖစ္၍ အိႏၵိယႏိုင္ငံ ခ်ာထရာခ႐ိုင္ရွိ ကြင္းျပင္က်ယ္ႀကီးတြင္ ဆင္မႀကီးတစ္ေကာင္သည္ ႏွာေမာင္းႏွင့္ လက္ေတြကို အသုံးျပဳၿပီးေတာ့ ေျမႀကီးအား တြင္းေပါက္ေလးျဖစ္ေအာင္ ၁၁နာရီၾကာသည္ထိ တူးဆြေနေသာ ျမင္ကြင္းေၾကာင့္ ႐ြာသူ႐ြာသားမ်ားမွ စိတ္ဝင္တအားနဲ႔ လာေရာက္ၾကည့္ရႈခဲ့သည္။

ဆင္မႀကီးသည္ မရပ္မနားပဲ ဝမ္းနည္းေၾကကြဲေသာ ၿငီးတြားသံမ်ားနဲ႔အတူ ေျမႀကီးအား တူးေဖာ္ေနခဲ့ရာ ႐ြာသူ႐ြာသားမ်ားမွ အနီးကပ္ၾကည့္ရႉခဲ့စဥ္ အထဲတြင္ ႐ႊံ႕ႏြံမ်ားၾကား နစ္မြန္းေနေသာ ဆင္ေပါက္ေလးတစ္ေကာင္ကို အံ့အားသင့္ဖြယ္ ေတြ႕ရွိခဲ့ၿပီးေနာက္ အေၾကာင္းစုံနားလည္သြားၿပီး ဆင္ေပါက္ေလးအား အေပၚသို႔ေရာက္ေအာင္ ကယ္တင္ေပးခဲ့သည္။

ထိုအခါမွပဲ ဆင္မိခင္ႀကီးလည္း စိတ္သက္သာရာရကာ ဆင္ေပါက္ေလးနဲ႔အတူ ေပ်ာ္႐ႊင္စြာ ထြက္ခြာသြားၾကသည္။

Rain (For Ialinks)

  • Leave a Comment

Categories