ဂူကြီးထဲမှာ နေစရာတဲလေးထိုးကာ ၅၈နှစ်ကြာနေထိုင်ရင်း သားသမီးလေးယောက်လုံးကို ပညာတတ်ကြီးဖြစ်အောင် ထောက်ပံ့ပေးခဲ့သော မိဘနှစ်ပါး

တရုတ်နိုင်ငံ Sichuanပြည်နယ်မှ အသက်၇၀ကျော်အရွယ် ဇနီးမောင်နှံနှစ်ဦးသည် ဆင်းရဲသော လက်လုပ်လက်စားသမားတွေဖြစ်ပြီး ရွာထဲရှိအိမ်မှာ အရမ်းဟောင်းနွမ်းနေရာ လေပြင်းမုန်တိုင်းတိုက်ခတ်ချိန်တွင် ပြိုကျပျက်စီးသည့်ထဲ ပါသွားခဲ့ပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးသည် ရွာရဲ့အနီးအနားတွင်ရှိသော ဂူကြီးတစ်ခုမှာ နေစရာတဲကလေးထိုးပြီးတော့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် စပါးနှင့် သီးနှံအချို့ စိုက်ပျိုးကာ ကြက်လေးတွေမွေးမြူရင်းနဲ့ နေထိုင်ခဲ့သည်။

သူတို့ဇနီးမောင်နှံသည် အစပိုင်းတွင် ငွေကြေးလေးအနည်းငယ် စုမိတာနဲ့ ရွာထဲပြန်သွားပြီးတော့ အိမ်လေးဆောက်လုပ်ပြီး နေထိုင်မည်စိတ်ကူးခဲ့ပေမယ့် သားသမီးလေးယောက်ရဲ့ ပညာရေးစရိတ်အတွက် အသုံးလိုတာကြောင့် ငွေလည်းမစုနိုင်တော့ပဲ ဂူကြီးထဲမှာသာ ၅၈နှစ်အကြာ နေထိုင်ခဲ့ရသည်။

ထိုသို့အနစ်ခံပေးခဲ့သော မိဘနှစ်ပါးကြောင့် သားသမီးလေးယောက်လုံးသည် ပညာတတ်ကြီးတွေဖြစ်ကာ မြို့ထဲမှာပဲ အခြေချရန် မိဘနှစ်ပါးကို ခေါ်နေခဲ့ပေမယ့် ဂူကြီးထဲမှာပဲ အေးအေးချမ်းချမ်း နေလို၍ ငြင်းဆန်ခဲ့ကြသည်။

Rain (For Ialinks)






Rain (For Ialinks)

  • Leave a Comment

Categories