အင်တာနက်ပေါ်မှာ မျှဝေခဲ့သော မနာလိုအားကျစရာကောင်းတဲ့ ရှာဖွေတွေ့ရှိမှုများ

မင်္ဂလာပါ။ လူအများဆီမှာ မရှိဘဲ ကိုယ့်ဆီမှာပဲ ပစ္စည်းထူးထူးဆန်းဆန်းလေးတွေ ရှိရင် ကြွားတတ်ကြတာ လူတိုင်းပါပဲ။ ပိုက်ဆံအကုန်ခံစရာမလိုဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ထူးဆန်းပစ္စည်းတွေဆိုရင်တော့ တစ်ကမ္ဘာလုံးသိအောင်တောင် ပြောပြကြလိမ့်မယ်ထင်ပါတယ်။ အခုဖော်ပြပေးမယ့် ရှာဖွေတွေ့ရှိမှုတွေကတော့ ကြည့်ရှုသူတွေကိုတောင် မနာလိုစိတ်ဖြစ်သွားစေမယ့် ရှာဖွေတွေ့ရှိမှုတွေပဲဖြစ်ပါတယ်။ ဘယ်လိုအရာတွေကို ရှာဖွေ တွေ့ရှိခဲ့တာလည်းဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး။

(၁)

ရှေးဟောင်းလက်ကျန်မဟုတ်ပေမယ့် အချိန်အတော်ကြာက ဖုန်းဟောင်းတစ်လုံးကို ရှာတွေ့သောအခါ..သုံးလို့ ရသေးရင်တော့ မဆိုးဘူးပေါ့

(၂)

ကံကောင်းစေတဲ့ သစ်ရွက်ပုံစံမျိုးလေးပေါ်နေတဲ့ သစ်ပင်ကြီး

(၃)

ရှဉ့်လေးတွေက သူတို့အစာကိုဒီမှာလာဖွက်တယ်ဆိုတော့ ဂုဏ်ယူရမလားပဲ

(၄)

အေဒီ၂ရာစုက အိမ်ခေါင်မိုးအဖြစ်အသုံးပြုခဲ့တဲ့ အပြားပေါ်က ကြောင်ခြေရာ…ရှေးအဆက်ဆက်တည်းက အဲ့လိုနှောင့်ယှက်တတ်တာပါဆို

(၅)

၁၀၈နှစ်သက်တမ်းရနေပြီဖြစ်တဲ့ Indianapolisကားပြိုင်ပွဲ လမ်းမကြီးရဲ့ အဆင့်ဆင့်ပုံ

(၆)

ရေမီတာသေတ္တာထဲမှာ ရှာတွေခဲ့တဲ့အရာ

(၇)

လွန်ခဲ့တဲ့ ၁၅နှစ်က ပျောက်သွားခဲ့တဲ့လက်စွပ်ကို သူစိမ်းတစ်ယောက် ယူသွားလောက်ပြီထင်ခဲ့ပေမယ့် ခြံထဲမှာပဲ မတော်တဆ ပြန်ရှာတွေ့ခဲ့သောအခါ

(၈)

ပီဇာဘူးထဲမှာ ပီဇာနှစ်ချပ်ပါလာတာကို တွေ့လိုက်ရသောအခါ

(၉)

လူအရွယ်အစားနဲ့ယှဉ်ကြည့်လိုက်ရင် အတော်လေးကို အရွယ်အစားကြီးလွန်းနေတဲ့ သစ်ပင်

(၁၀)

မီးဖိုချောင်အတွက် လိုအပ်တာတွေ ဝယ်ရင်း အိုးတစ်လုံးကို ဖွင့်ကြည့်လိုက်တဲ့အခါ ရှာတွေ့လိုက်ရတာက ဆွံအသွားစေပါတယ်။ မင်းတော့ငါလေလည်ထားတာတွေကို လွှတ်ပေးလိုက်ပြီပဲလို့ ရေးထားတာပဲဖြစ်ပါတယ်။

(၁၁)

ဓာတ်ပုံလေးတွေကို ကြည့်ပြီး သဘောကျသွားကြပြီမလား

(၁၂)

မနက်အိပ်ရာနိုးနိုးချင်း ပေါင်၈၀ကျော်လေးတဲ့ အာဝုက ၅ပေ မြင့်တဲ့ ဗီရိုကြီးပေါ်ရောက်နေမှန်းသိလိုက်ရသောအခါ

(၁၃)

ခြေထောက်ထိပ်ယားကျိကျိနဲ့ဖြစ်နေလို့ ဖိနပ်ချွတ်ကြည့်လိုက်တာ ဒီကောင်လေးကို ရှာတွေ့တော့တာပဲ

(၁၄)

၁၉၃၀ခုနှစ်ကနေ ၁၉၆၀ ခုနှစ်အတွင်းမှာ အသုံးပြုခဲ့ကြတဲ့ အကြွေစေများ

(၁၅)

ဂျပန်ကို အလည်သွားတဲ့ သူငယ်ချင်းတစ်ယောက် ဝယ်လာပေးခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး iPhone ကာဗာ

(၁၆)

တူးနေတဲ့ပေါင်မုန့်တွေဟုတ်ဘူးနော် နဂါးဥတွေ တကယ်ပြောနေတာ ယုံတယ်မလား

(၁၇)

ပန်းကန်ကူဆေးပေးမလို့ ရောက်နေတာလား ကိုရွှေဇီးကွက်

(၁၈)

မနေ့ကညက ပျောက်သွားတဲ့ ၁၀ဒေါ်လာကို ပြန်ရှာတွေ့သောအခါ

(၁၉)

ဒါကတော်ရုံလူမမြင်နိုင်တဲ့ အထပ်ပေါ့

(၂၀)

နဂါးအသေးစားလေးနဲ့တောင်တူသေးတဲ့ အင်ဒိုနီးရှားမှာ ရှာတွေ့ခဲ့တဲ့ အိမ်မြှောင်

(၂၁)

ခွေးလေးရှာတွေ့ခဲ့တဲ့ ဘောလုံးတွေကများလွန်းလို့ ခုလို ခြင်းထဲတောင်အပြည့်ရတယ်။

(၂၂)

ခေါင်းစည်းကြိုးတွေ မကြာခဏပျောက်တတ်လို့ ခဏခဏဝယ်ရပေမယ့် အိမ်ပြောင်းခါနီးသန့်ရှင်းရေးလုပ်တော့မှ ကြောင်လေးက ဖွက်ထားတာကို သိလိုက်ရသောအခါ

(၂၃)

တစ်ခါတစ်လေ အမူးလွန်ပြီး ကြုံရာနေရာမှာ အိပ်တတ်တဲ့သူငယ်ချင်းတွေ ရှိကြလား

(၂၄)

ကျီးကန်းလေး ရေတွေရွှဲနေလို့ စေတနာနဲ့ dryer သုံးပြီး ခြောက်အောင်လုပ်ပေးနေတာပါ။

(၂၅)

ဟယ်ရီပေါ်တာသာ မိန်းကလေးဖြစ်ခဲ့မယ်ဆိုရင်..

(၂၆)

သစ်ပင်ကြီးထွားလာတာကြောင့် သစ်ပင်အထဲမှာ ရှိနေခဲ့တဲ့ ဂေါဖ့်သီးလေး

(၂၇)

ရင်ထိတ်ဖွယ်ရာတွေ့ရှိမှု..

(၂၈)

ဟူးမန်းမသိအောင် ခိုးဖွက်ထားပါတယ်ဆိုမှ ဘယ်လို ရှာတွေ့သွားတာတုန်းဟ

(၂၉)

နင်းဘက်စ်တံမြက်စည်းတော့ ရှာတွေ့ပြီ။ အိမ်ရောက်ရင် မြို့အနံှ့ပျံသန်းဖို့ အတွက် လေ့ကျင့်ဖို့ပဲ လိုတော့တယ်။

(၃၀)

မီးသီးအဟောင်းတစ်လုံးမှာ တွယ်ကပ်ပြီး ရှင်သန်နေကြတဲ့ အကောင်လေးများ

ပရိသတ်တို့ရော ဘယ်လိုမျိုး ပေါက်ပေါက်ရှာရှာအရာမျိုးတွေကို ရှာတွေ့ဖူးကြလား။ တခြားသူတွေ မနာလိုအားကျဖြစ်သွားလောက်ရမယ့် ပစ္စည်းတွေကိုယ့်ဆီမှာ ရှိရင်လည်း ကြွားခဲ့ကြပါအုံးနော်။

Ref:Brightside

  • Leave a Comment

Categories