ရည်းစားဟောင်း ၄ယောက်လုံးက သူ့ရဲ့မင်္ဂလာပွဲမှာသတို့သမီးအရံအဖြစ် ရှိနေတာကြောင့် မျက်နှာပူပြီး ခန်းမဆောင်ကနေ ထွက်ပြေးချင်စိတ်ပေါက်နေသော သတို့သား

တရုတ်နိုင်ငံ Chongqingပြည်နယ်တွင် ပြုလုပ်ကျင်းပသော မင်္ဂလာပွဲလေးတွင် သတို့သားဖြစ်သူရဲ့ ရည်းစားဟောင်း ၄ယောက်လုံးက သတို့သမီးအရံအဖြစ် ပါဝင်လုပ်ဆောင်ပေးခဲ့တာကြောင့် သတို့သားခမျာ မျက်နှာပူလွန်း၍ ထွက်ပြေးချင်နေခဲ့သည်။

သတို့သားနှင့် သတို့သမီးမှာ အလုပ်ထဲမှာ ဆုံခဲ့ပြီး ၂နှစ်အကြာ ချစ်သူတွေဖြစ်ပြီးနောက် နှစ်ဖက်မိဘသဘောတူညီမှုကို ရယူကာ မင်္ဂလာပွဲအား ခမ်းခမ်းနားနားလေး ကျင်းပရန် စီစဥ်ခဲ့ကြသည်။

မင်္ဂလာဆောင်သည့်နေ့တွင် သတို့သားဖြစ်သူသည် အဝတ်အစားလဲ၊ အလှပြင်နေသော သတို့သမီးလေးရှိရာအခန်းသို့ လာရောက်ကြည့်ခဲ့ရာ အပေါက်ဝမှာ မတ်တပ်ရပ်၊ လက်ခုပ်တီးပြီး ကြိုဆိုနေသော သတို့သမီးအရံ ၄ယောက်ကို မြင်ပြီး ထိတ်လန့်သွားခဲ့ရသည်။

သတို့သမီးအရံ ၄ယောက်လုံးသည် သတို့သားဖြစ်သူရဲ့ ရည်းစားဟောင်းတွေဖြစ်ကြပြီး သတို့သမီးလေးရဲ့ အချစ်ဆုံး သူငယ်ချင်းတွေလည်း ဖြစ်နေပြန်ရာ သူမရဲ့မင်္ဂလာပွဲမှာ လာရောက်ပေးရန် အကူအညီတောင်းခဲ့ခြင်းဖြစ်သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories