ထိတ်လန့်ဖွယ် အိမ်မွေးတိရစ္ဆာန်ဖြစ်သည့် စပါးအုံးမြွေကြီးတစ်ကောင်ကို လမ်းလျှောက်ခေါ်ထွက်ခဲ့သော အမျိုးသား

လူသားတို့သည် အိမ်မွေးတိရစ္ဆာန်အဖြစ် ခွေး၊ကြောင်၊ငါး၊ငှက်ကလေးတို့ကို မွေးမြူတတ်ကြကာ အများစုမှာ အပြင်သို့ထွက်ချိန်တိုင်းလည်း သူတို့ရဲ့အချစ်ဆုံး ခွေးလေးတွေကို ခေါ်လာတတ်ကြပြီး အပျင်းပြေ လမ်းလျှောက်ထွက်သည့်အခါမှာလည်း သူတို့လေးတွေက မပါမဖြစ်ခေါ်လာတတ်ကြသည်။

သို့ပေမယ့် ပါကစ္စတန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် မနက်ခင်းအစောဖက်၌ သူ့ရဲ့အိမ်မွေး တိရစ္ဆာန်နှင့်အတူ လမ်းလျှောက်ထွက်လာသော ပုံရိပ်လေးသည် မြင်တွေ့သူများအား ထိတ်လန့်ခြောက်ခြားဖွယ် ဖြစ်ခဲ့ရသည်။

အမျိုးသားသည် တိရစ္ဆာန်ဆေးကုဆရာတစ်ဦးဖြစ်ကာ သူ့ရဲ့အိမ်တွင် ခွေးလေးများ ကြောင်လေးများအပြင် ကြောက်စရာကောင်းသော စပါးအုံးမြွေကြီးတစ်ကောင်ပါ မွေးမြူထားကာ လမ်းလျှောက်ထွက်ချိန်တိုင်း သူအချစ်ဆုံးဖြစ်သော မြွေကြီးအား ကြိုးနဲ့ချည်ကာ ခေါ်လာတတ်သည်။

အမျိုးသားရဲ့ အိမ်မွေးမြွေကြီးအား မြင်တွေ့ချိန် ဖြတ်သွားဖြတ်လာသူများသည် အဝေးကနေသာ ရှောင်ကုန်ကြပြီး အံ့အားသင့်နေကြ၍ သူ့ရဲ့မိတ်ဆွေ စပါးအုံးမြွေကြီးက ရန်မပြုတတ်ကြောင်း မြွေကြီးအား ကိုင်မြှောက်ပြခဲ့ပေမယ့်လည်း လူအများက အန္တရာယ်ပြုမှာကို ထိတ်လန့်နေကြဆဲဖြစ်သည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories