သူငယ်ချင်းတွေနဲ့ ကြက်သွားတိုက်ရန် ချိန်းထား၍ ဇနီးဖြစ်သူမသိအောင် အုတ်တံတိုင်းကို ကျော်တက်ခဲ့ပေမယ့် အကြံအစည်ကမအောင်မြင်ခဲ့ပဲ ကံဆိုးသွားသည့် အမျိုးသား

လူတစ်ဦးနှင့် တစ်ဦးလက်ထပ်လိုက်ပြီးပါက အရင်လို မိဘအိမ်မှာ နေခဲ့သလိုမျိုး သွားချင်တိုင်းသွား လာချင်တိုင်းလာလို့မရတော့ပဲ လွတ်လပ်မှုတွေကိုယ်စီ ပျောက်ဆုံးသွားကြရပြီး မိသားစုကောင်းစားရေးကိုသာ ဦးစားပေးကြရသည်။

သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အိမ်ထောင်သည် အမျိုးသားတစ်ဦးသည် ကြက်တိုက်ရတာကို ဝါသနာပါပြီး မိန်းမရပြီးသည်ထိကို သူ့ရဲ့ဝါသနာအား မစွန့်လွှတ်နိုင်တာကြောင့် ဇနီးဖြစ်သူမသိအောင် အပြင်ကို ခိုးထွက်ခဲ့ရသည်။

အမျိုးသားသည် အပေါင်းအသင်းတွေနှင့်အတူ ကြက်ပဲထွက်တိုက်နေရာ တစ်နေ့တွင် ဇနီးဖြစ်သူမှ တံခါးပေါက်အား သော့ခတ်ထားခဲ့ရာ ခင်ပွန်းသည်ကလည်း ကြက်တိုက်သည့်နေရာကို မရောက်ရောက်အောင် သွားရန်ဆုံးဖြတ်ထား၍ အုတ်တံတိုင်းကနေ ခုန်ကျော်ပြီး ထွက်ခဲ့သည်။

ထိုအချိန်တွင်ပဲ ဇနီးဖြစ်သူမှ အိမ်ထဲကထွက်လာပြီး သူ့နာမည်အား ဒေါ်သတကြီးနဲ့ အော်ခေါ်လိုက်စဥ် မသွားရတော့ပဲ ဇနီးရှေ့မှာတင် ကြက်လှောင်အိမ်ထဲမှာ အပြစ်ပေးခံခဲ့ရသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories