ဆိုင်ကယ်တစ်စီးနဲ့ နိုင်ငံပေါင်း၂၅နိုင်ငံကို ကျော်ဖြတ်ကာ အမွှာသမီးလေးနှစ်ယောဆီ သွားရောက်လည်ပတ်ခဲ့သော မိခင်

တရုတ်နိုင်ငံ နန်ကျင်းမြို့တွင် နေထိုင်သော မိခင်တစ်ဦးသည် နိုင်ငံခြားရပ်ဝေးမှာ ရောက်နေတဲ့ သူမရဲ့ သမီးအမွှာလေးနှစ်ယောက်ကို သတိရလို့ဆိုပြီး ဆိုင်ကယ်စီးပြီးတော့ နိုင်ငံပေါင်း ၂၅နိုင်ငံကို ကျော်ဖြတ်ကာ သွားရောက်တွေ့ဆုံခဲ့သည်။

မိခင်ဖြစ်သူသည် အမွှာသမီးလေးနှစ်ယောက်ကို အရမ်းချစ်ကာ သူတို့လေးတွေ ဝါသနာပါရာကို အကောင်အထည်ဖော်ရန် ထောက်ပံ့ပေးခဲ့ပြီး ထူးချွန်ထက်မြက်အောင် အမြဲအားပေးတိုက်တွန်းခဲ့သည်။

သမီးအကြီးဆုံးသည် နယ်သာလန်နိုင်ငံမှာ ပညာသင်ကြားနေပြီး သမီးအငယ်တစ်ယောက်ကတော့ တူရကီနိုင်ငံမှာ သူတို့ဝါသနာပါသည့် တယောထိုးခြင်း၊ စန္ဒယားတီးခြင်းတို့ကို သင်ကြားနေခြင်းဖြင့် မိခင်ဖြစ်သူသည် သမီးလေးတွေကို အရမ်းလွမ်းနေခဲ့သည်။

ထို့ကြောင့်ပဲ မိခင်ဖြစ်သူသည် ဆိုင်ကယ်သစ်တစ်စီး ဝယ်ယူကာ မောင်းတတ်အောင် သင်ပြီးနောက် တရုတ်နိုင်ငံကနေ အမွာသမီးလေးတွေရှိသည့် နိုင်ငံသို့ သွားရောက်ခဲ့ချိန် လမ်းခရီးကြမ်းပြီး မတော်တဆမှုနှင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရသော်လည်း လက်မလျှော့ပဲ အရောက်သွားနိုင်ခဲ့တာကြောင့် အများမှ မိခင်ဖြစ်သူရဲ့ခိုင်မာသောစိတ်ဓာတ်နှင့် ချစ်ခြင်းမေတ္တာကို လေးစားချီးကျူးခဲ့ကြသည်။

Rain (For Ialinks)

Zawgyi






Rain (For Ialinks)

  • Leave a Comment

Categories